နိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ထူးခြားသည့် ရွေးကောက်ပွဲ
နိုင်ငံသားတိုင်း၏ အခွင့်အရေးနှင့် ထူးခြားသည့် ရွေးကောက်ပွဲ
Ministry of Information/ Naypyitaw / August 29, 2025

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံကို လက်ရှိအခြေအနေမှ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရန်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖြတ်သန်းကြရမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့်အစိုးရအဖွဲ့တို့က နိုင်ငံကို အခင်းအကျင်းသစ် တစ်ရပ်ဆီသို့ ရောက်ရှိသွားစေမည်ဖြစ်သည်။
အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်းရွေးကောက်ပွဲတွင် မဲပေးခွင့်သည် နိုင်ငံသားအခွင့်အရေးပင်ဖြစ်ပြီး မိမိကိုယ်စား မိမိတို့ရွေးကောက်လိုက်သည့် ကိုယ်စားလှယ်မှတစ်ဆင့် နိုင်ငံအစိုးရလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များပုဒ်မ (၃၆၉) တွင် နိုင်ငံသားတိုင်းသည် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးရွေးကောက်တင်မြှောက်ခွင့်ရှိသလို ကိုယ်တိုင်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်းက မိမိတို့၏အခွင့်အရေးကို အသုံးချရာတွင် နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ ဒေသအကျိုးအတွက် စွမ်းဆောင်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ယူဆသည့် လူပုဂ္ဂိုလ်ကိုယ်စားလှယ်လောင်းနှင့် ပါတီတို့ကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးကောက်တင်မြှောက်ကြရမည်ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းများအတိအလင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဆိုပါရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဖြစ်ကြောင်း အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ ရှိရှိသမျှအပေါင်းအပါတို့က တစ်လေသံတည်းထုတ်ဖော်ပြောကြားခြိမ်းခြောက်လာကြသည်။ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲဆွယ်စည်းရုံးလှုပ်ရှားကြမည့် လူပုဂ္ဂိုလ်များနှင့် ပါတီများ၊ မဲရုံဝန်ထမ်းများနှင့် လုပ်အားပေးသူများ၊ မဲဆန္ဒရှင်ပြည်သူများအား ခြိမ်းခြောက်မှု၊ ဟန့်တားမှု၊ နှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက်ပြုမူ မှုတို့မှ အကာအကွယ်ပေးထားသည်။
လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီစုစုပေါင်း (၆၁) ပါတီ ရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ (၉) ပါတီရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ (၅၂) ပါတီရှိသည်။ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် ရောနှောထားသောကိုယ်စားလှယ် အချိုးကျစနစ် (Mixed Member Proportional-MMP) ကိုပါ အသုံးပြုသွားမည်ဖြစ်သည်။ ထို့အပြင် မဲရုံများ၌ မဲပေးရာတွင် ပထမဆုံးအကြိမ်အဖြစ် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမည်ဖြစ်ပြီး ရွေးကောက်ပွဲကို တစ်ကြိမ်တည်းအပြီးမကျင်းပဘဲ အပိုင်းများခွဲ၍ ကျင်းပသွားမည်ဖြစ်ရာ ထူးခြားသည့်ရွေးကောက်ပွဲတစ်ရပ်ကို မဲဆန္ဒရှင်တို့ ကြုံဖူးကြရခြင်းဖြစ်သည်။
ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟူ၍ ကြွေးကြော်နေကြခြင်းမှာ မိမိတို့ကိုယ်တိုင် မင်းသားကြီးမလုပ်ရ၍ ပတ်မကြီးထိုးဖောက်မည်ဆိုသည့် အကြံအစည်မျိုးဖြစ်သည်။ အချို့ကလည်း ဘာရယ်မဟုတ် အဖျက်စိတ်ဓာတ်အခံနှင့် ဗရမ်းဗတာနေတတ်၊ ပြောတတ်ကြခြင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် တက်၍ ရွေးကောက်ပွဲကို အိုးမဲသုတ်နေကြသူတချို့တွေ့ရပြီး သက်ဆိုင်ရာက ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမှုကိုလည်း တွေ့ရသည်။ ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံးပြန်လည် ပေါ်ထွန်းလာရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အနှောင့်အယှက်၊ အဖျက်အမှောင့်၊ အဟန့်အတားပြုလာမှုများကို မိမိတို့အားလုံးက ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရပါမည့်အကြောင်း။ ။
Newspaper - 3309 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download