နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ(ဆဋ္ဌမအကြိမ်)အစည်းအဝေးကျင်းပ


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / January 11, 2025


နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏(ဆဋ္ဌမအကြိမ်)အစည်းအဝေးကို ၁၀-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံ အုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက  ကမ္ဘာ့ကုလသမဂ္ဂ၏  ရေရှည်ဖွံဖြိုးရေး ပန်းတိုင်များရရှိရေးအတွက် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများကဆောင်ရွက်လျက်ရှိရာ “အပြာရောင်စီးပွားရေး(Blue Economy)” သဘော တရားများ ဖော်ထုတ်ဆောင်ရွက်လာကြသည်ကိုတွေ့ရှိရကြောင်း၊

မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေး ဖော်ထုတ်နိုင်မည့် အလားအလာ အနေ ဖြင့် ကမ်းရိုးတန်းနှင့်အဏ္ဏဝါဂေဟ စနစ်များစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ခြင်း၊ ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန် အမျိုးမျိုး ထုတ်လုပ်ရန်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက် သယံဇာတများ မွေးမြူနိုင်ခြင်း၊ ပုလဲမွေးမြူခြင်းနှင့်ထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာ ကောင်းများရှိခြင်း၊ နေ၊ ရေ၊ လေ စွမ်းအင် စသည့် ပြန်လည် ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့် ကျွန်းများတည်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး နိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူ များ၏ စုံလင်သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့်အခွင့်အလမ်းများစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကိုအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ အပြာရောင်စီးပွားရေး၏ အခွင့်အလမ်း များစွာရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိန်ခေါ်မှုများကို ထိထိ ရောက်ရောက်ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊

ရေရှည်တည်တံ့သော ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်၊ အစီအမံများနှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဗီဒီယိုကိုပြသသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏လုပ်ငန်း ဆောင်ရွက်တိုးတက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှု၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ အစီအမံများနှင့် အပြာရောင်စီးပွားရေး (Blue Economy)နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစာများ - ၃၅၀၀ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download