နိုင်ငံအတွက် ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် ခရီးစဉ်
နိုင်ငံအတွက် ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် ခရီးစဉ်
Ministry of Information/ Naypyitaw / May 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်အချို့နှင့် အလွတ်သဘောတွေ့ဆုံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်နိုင်ခဲ့ရာ နိုင်ငံအတွက်ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည်။
အထူးသဖြင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်နှင့် မေ ၉ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းက နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ရန် ပိုမိုအားဖြည့်ပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေပြီး နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်းထောင်ချီရှည်ကြာသော သမိုင်းရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်သည်။ ခေတ်သစ် တရုတ်မြန်မာ သံတမန်ဆက်ဆံရေးမှာ (၇၅)နှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတို့တွင် မြန်မာနိုင်ငံဘက်မှ အစဉ်တစိုက်ရပ်တည်ခဲ့သည့် ဆွေမျိုးပေါက်ဖော်နိုင်ငံ ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန် ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်တွင် အစောဆုံးကူညီကယ်ဆယ်ရေး ရောက်ရှိလာခဲ့သည့်အဖွဲ့များမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးကြောင့် အခက်အခဲများ၊ ဘေးဒုက္ခများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက မြန်မာပြည်သူ လူထုနှင့် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်အတူအရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်ခဲ့ခြင်းတို့အပေါ် မြန်မာနိုင်ငံ အစိုးရနှင့်ပြည်သူများအနေဖြင့် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးလေယာဉ်ပေါ်၌ မီဒီယာများက မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ရင်းနှီးသည့် နိုင်ငံများဖြစ်သကဲ့သို့ မဟာဗျူဟာ မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း၊ ခွဲခြား၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး သံတမန်ဆက်ဆံရေး (၇၅) နှစ်ကျော်ကာလကို ရောက်ရှိပြီဖြစ်ခြင်းနှင့် ထူးခြားသည့်ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပတ်သက်ပြီး ခိုင်မာစွာထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း One Belt One Road လမ်းကြောင်းပေါ်တွင် ခိုင်မာစွာရပ်တည်ကြောင်းနှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ် ကြောင်းတို့ ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ- ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် မြှင့်တင်ရေးကို ဆွေးနွေးနိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်သည် မြန်မာနှင့်ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးနိုင် ခဲ့သလို နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံမှု၊ တွေ့ဆုံဆွေးနွေးမှုတို့မှတစ်ဆင့် မိမိတို့နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားများကို ဆောင်ကြဉ်းနိုင်ခဲ့ပါကြောင်း။ ။
Newspaper - 3162 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။
