နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်


Ministry of Information/ Naypyitaw / April 25, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “လာမည့်ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ပညာရေးတွင် အားနည်းချက်များ ရှိခဲ့သည်ကိုတွေ့နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပညာအဆင့်အတန်းမြင့်မားမှု/ နိမ့်ကျမှုအခြေအနေတို့နှင့် ခန့်မှန်းကြည့်နိုင်သဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာစေရန်အတွက် အစွမ်းကုန်မြှင့်တင်ပေးရမည်ဖြစ်သည်။ သာဓကအားဖြင့် ပညာရေးတွင် အမြောက်အမြားရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံများ၌ ပညာအဆင့်အတန်းမြင့်မားနေသည်။ ပညာအဆင့်အတန်းမြင့်မားသည့်နိုင်ငံတွင် ကဏ္ဍတိုင်း၌ တီထွင်ကြံဆမှုနှင့် ချင့်ချိန်သုံးသပ်ဆောင်ရွက်နိုင်မှုမြင့်မားခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်ထားသည်။

ပညာရေးအားနည်းချက်ကြောင့် အသိပညာများအားနည်းပြီး အဘက်ဘက်တွင် လိုအပ်ချက်များရှိလာသည်ကို တွေ့နိုင်သည်။ ပညာရေးအားနည်းသောကြောင့် အသိဉာဏ်ဆင်ခြင်တုံတရားအားနည်းပြီး ခေတ်အဆက်ဆက်တွင် အကောင်း၊ အဆိုးခွဲခြားနိုင်မှုအားနည်းသည့် နိုင်ငံရေးပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်ကို မြန်မာ့သမိုင်းကြောင်းတွင်တွေ့နိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပညာရေးကဏ္ဍကို မြှင့်တင်၍ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်နေစိတ်ထားများ မြင့်မားလာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ပညာရေးအားနည်းလာသည့်အခါ အတတ်ပညာများလည်း အားနည်းလာခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလည်းအားနည်းပြီး ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များရှိလာသည်။ ဝင်ငွေနည်းပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ လူ့သက်တမ်း နိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း စသည့်ပြဿနာများရှိလာသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများသာမက ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းကို ဆန်းစစ်ကြည့်ပါက အဓိကအားဖြင့် စီးပွားရေးတိုးတက်မှုအားနည်းခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအားနည်းခြင်းတို့မှ စတင်ခဲ့သည်ကိုတွေ့နိုင်သည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး ပြုပြင်ပြောင်းလဲရေးမျှော်မှန်းချက်ကို ချမှတ်ခဲ့သည်။

ယခင်က ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာမူလတန်းအဆင့်အား မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း လူတိုင်းအခြေခံပညာအဆင့်ကိုပင် တက်ရောက်သင်ကြားနိုင်မှုမရှိခဲ့ပေ။ ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ပြီးခဲ့သည့် နိုင်ငံကိုတာဝန်ယူဆောင်ရွက်ချိန်တွင် KG+9 အထိ မသင်မနေရပညာရေးအဖြစ် ပြောင်းလဲခဲ့သည်။ ခေတ်အဆက်ဆက်တွင် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း အချို့အခြေခံပညာကျောင်းများသည် သတ်မှတ်ထားသော အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်။ အားကစားနှင့် လက်တွေ့ပညာရပ်ဆိုင်ရာများစသည့် ပညာရေး အထောက်အပံ့များ အားနည်းခဲ့သည်။ တစ်ချိန်သောကာလက လူနည်းစုပညာတတ် အခြေအနေမှ ယခုအခါ လူများစုပညာတတ်အခြေအနေသို့ရောက်အောင် ပညာရေးကို မြှင့်တင်အားပေးရမည်ဖြစ်သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍ တိုးတက်လာရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အကျိုးရှိထိရောက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3506 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download