နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး MSME ကိုအားပေး


Ministry of Information/ Naypyitaw / September 01, 2024
image_latest


စီးပွားရေးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံးစီးပွားရေးလုပ်ငန်းစုဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးအားကောင်းလာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

MSME လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေးကို နိုင်ငံအနှံ့တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေသည်။ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်သဖြင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးသက်ရောက်မှုများနှင့် နည်းပညာများ အလျင်အမြန် ပြောင်းလဲတိုးတက်လာမှုကြောင့် MSME လုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုစွမ်းရည်၊ အဆင့်မြင့်စက်ကိရိယာများ၊ နည်းပညာများ၊ ကျွမ်းကျင်လုပ်သားများ၊ စီမံခန့်ခွဲမှုစနစ်များ၊ သတင်းအချက်အလက်များနှင့် ကမ္ဘာ့ဈေးကွက်သို့ဝင်ရောက်နိုင်ရေး ပံ့ပိုးပေးရန်လိုအပ်လာခြင်းနှင့်အတူ လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများ လိုအပ်လာသည်။

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းပေးလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSME လုပ်ငန်းများနှင့် အခြားစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ အသုံးချပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်ပြီးနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ဒေသအလိုက် သင်ကြားပျိုးထောင်ပေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အခြားလိုအပ်ချက်များနှင့် အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်။

နိုင်ငံတော်အကြီးအကဲက ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ် စသည့်အဓိက (၄) ချက် ပြည့်စုံစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစဉ်းစားရာတွင် ကုန်ကြမ်းသေချာရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန်၊ MSME လုပ်ငန်းများ အားပေးမြှင့်တင်ခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်၊ MSME လုပ်ငန်းများနှင့် အကြီးစားလုပ်ငန်းများ ချိတ်ဆက်နိုင်ရေး ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် အဓိကအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်၊ MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုနိုင်ရေးနှင့် အသွင်ကူးပြောင်းရေးအပိုင်းသည် များစွာအရေးပါပြီး မိမိတို့နိုင်ငံ၏အနေအထားအရ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး ပီပြင်လာစေရေးအတွက် ထောက်ပံ့ဆောင်ရွက်ပေးသွားရန် လမ်းညွှန်ထားသည်။

နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတော်ကအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ MSME လုပ်ငန်းများသည် အပြန်အလှန်အထောက်အကူပြုနေသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး MSME လုပ်ငန်းများ အားကောင်းလာပါက နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာကာ နိုင်ငံတော်အေးချမ်းသာယာမှုကို အထောက်အကူပြုမည်ဖြစ်သည်။

စီးပွားရေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ အားသာချက်မှာ ပြောင်းလဲနေသော ဈေးကွက်အခြေအနေပေါ်မူတည်၍ လျင်မြန်စွာ ပြုပြင်ပြောင်းလဲတုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊ တီထွင်ကြံဆမှုရှိခြင်း၊ လုပ်အားစရိတ်နှင့် ဝန်ဆောင်မှုစရိတ် သက်သာစေခြင်း၊ နေရာအနှံ့အပြားတည်ရှိခြင်း၊ ဈေးကွက်တုံ့ပြန်မှုအရ ထုတ်လုပ်မှုပုံစံပြောင်းလဲခြင်းတို့ကို လုပ်ငန်းကြီးများထက် ပိုမိုလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ခြင်း၊ MSME လုပ်ငန်းများသည် မြို့ပြအပြင် ဆင်ခြေဖုံးများတွင် များသောအားဖြင့် အခြေစိုက်သောကြောင့် မြို့ပြမှစီးပွားရေးလုပ်ငန်းများထက် ရင်းနှီးမြှုပ်နှံမှုစရိတ် များစွာသက်သာခြင်းတို့ကို တွေ့ရှိထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် MSME လုပ်ငန်းများကို ၉၈ ရာခိုင်နှုန်းခန့်အထိ ထူထောင်ထားပြီးဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်စေရေး၊ ပြည်သူများ၏လူမှုစီးပွားရေး မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဆောင်ရွက်ပေးမှုများနှင့်အတူ MSME ကုန်ထုတ်လုပ်ငန်းများ အောင်မြင်တိုးတက်အောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။          ။

Newspaper - 2906 items

Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်၊ သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်၊ သြဂုတ် ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ သြဂုတ် ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်၊ သြဂုတ် ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download