နိုင်ငံ့အကျိုးစီးပွား ဆန့်ကျင်သည့် ကန့်ကွက်နှောင့်ယှက်မှုများ ပယ်ရှား
နိုင်ငံ့အကျိုးစီးပွား ဆန့်ကျင်သည့် ကန့်ကွက်နှောင့်ယှက်မှုများ ပယ်ရှား
Ministry of Information/ Naypyitaw / December 22, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရလုပ်ကိုင်ခွင့်ပြုသည့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများတွင် အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများဖြစ်ပေါ်နေခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာတစ်ရပ်ကို စာအမှတ်(၂၁၄/၂၀၂၅)၊ ဒီဇင်ဘာလ ၁၆ ရက် ရက်စွဲ ဖြင့် နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ ထင်ရာမြင်ရာဝေဖန်သုံးသပ်မှု များ၊ ဂယက်ရိုက်ခတ်မှုများကိုလည်း တွေ့ရှိရသည်။
အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာရခြင်း၏ အကြောင်းရင်းမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများဖြစ်ပေါ်နေခြင်း၊ ထိုသို့ကန့်ကွက်ခြင်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်သည့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေခြင်းနှင့် အကျိုးရလဒ်အနေဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေနိုင်ခြင်း ကြောင့်ပင်ဖြစ်သည်။
အစိုးရက လုပ်ကိုင်ခွင့်ပြုသည့် အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများကို အထောက်အထားခိုင်လုံမည်၊ လူပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုတို့၏ အကျိုးစီးပွားနှင့် ပတ်သက်ဆက်နွှယ်နေမည်ဆိုပါက ဆုံးရှုံးနစ်နာမှုကို ကုစားနိုင်ရန်၊ အကျိုးစီးပွား၊ အခွင့်အရေးတို့မဆုံးရှုံးစေရန် တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ကြသော်လည်း အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေရန်၊ မတရားအကျိုးအမြတ်တစ်စုံတစ်ရာရယူရန်ဟူသော ရည်ရွယ်ချက် များဖြင့် အထောက်အထားခိုင်ခိုင်လုံလုံမရှိသော၊ ပတ်သက်ဆက်နွှယ်မှုမရှိသော ကန့်ကွက်မှုများကိုမူ သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်သည်ဟု သိရသည်။
အစိုးရက ခွင့်ပြုပေးထားသည့်လုပ်ငန်းများကို ကန့်ကွက်ရာတွင် အဆိုပါလုပ်ငန်းကြောင့် မိမိ၏ ပုဂ္ဂလိကအကျိုးစီးပွား၊ အခွင့်အရေးစသည့် တစ်စုံတစ်ရာနစ်နာဆုံးရှုံးမှုအပေါ် ရိုးသားစွာကန့်ကွက်ခြင်းရှိသကဲ့သို့ အစိုးရ၏လုပ်ငန်းများ အကောင်အထည်ဖော်မှုနှောင့်နှေးစေရန်၊ နိုင်ငံမဖွံ့ဖြိုးမတိုးတက်စေရန်စသည့် မကောင်းသောကြံရွယ်ချက်များဖြင့် ဘေးပယောဂမကင်းသော ကန့်ကွက်ခြင်းများလည်းရှိသည်။ ထင်ရှားသည့် ဥပမာတစ်ခုအနေဖြင့် ဧရာဝတီမြစ်ဆုံစီမံကိန်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းနိုင်မည့် အဆိုပါစီမံကိန်းအကောင်အထည် မဖော်နိုင်စေရန်အတွက် ဦးဆောင်ကန့်ကွက်ကြရန် မြန်မာနိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများ၊ ကျော်ကြားထင်ရှားလူသိများ သူများ၊ ပညာရှင်များကို အမေရိကန်ကအထောက်အပံ့ပေးပြီး စည်းရုံးခဲ့ကြောင်း ဝီကီလိခ်တွင် ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ဂါးဒီး ယန်းသတင်းစာက ယင်းအကြောင်းအရာကို ဖွင့်ချခဲ့သည်။ သို့ဖြစ်ရာ ထိုစဉ်အခါက လူပုဂ္ဂိုလ်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့ ဆူဆူညံညံကန့်ကွက်ခဲ့ကြခြင်း၏ နောက်ကွယ်တွင် ဒေါ်လာပေး၍ စေခိုင်းနေသည့် အရိပ်မည်းရှိနေပြီး မရိုးသားသည့်ကန့်ကွက်မှုပင်ဖြစ်သည်။ ရလဒ်အနေဖြင့် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး ကန့်ကွက်မှုအမျိုးမျိုးနှင့် အကြမ်းဖက်ဖျက်ဆီးမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေး ရည်မှန်းဆောင်ရွက်ချက်များ နှောင့်နှေးကြန့်ကြာခဲ့ရသည်။
သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရက ခွင့်ပြုပေးထားသည့်လုပ်ငန်းများကို အထောက်အထား၊ ခိုင်လုံမှုမရှိ ကန့်ကွက်မှုများပြုလုပ်၍ အနှောင့်အယှက်မပြုရေးတွင် ပြည်သူလူထုအနေဖြင့် နားလည်မှုရှိကြရေး၊ မကောင်းသောကြံရွယ်ချက်များဖြင့် ကန့်ကွက်မှုများအပေါ် ဆန့်ကျင်ရေး တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
Newspaper - 3387 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
