နိုင်ငံ၏ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ နိုင်ငံသားအားလုံး တစ်သားတည်းရပ်တည်


Ministry of Information/ Naypyitaw / January 18, 2026
image_latest


အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ်လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို တိတိကျကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ခုခံကာကွယ်ပြောကြားခဲ့သည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့် အမှု၏ဖြစ်ရပ်မှန်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ယုံကြည်စိတ်ချမှုမရှိသည့် ဘက်လိုက်မှုရှိသော သာမန်အချက်များကို ကိုးကားပြီး စွပ်စွဲခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် တရားစီရင်ခြင်းမပြုမီ တရားရုံးကို ကျော်လွန်၍ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ တရားရုံး၏ရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်စွာ လိုက်နာရမည့်တာဝန်ကိုပစ်ပယ်၍ မမှန်ကန်သော သတင်းအရင်းအမြစ်များမှ အချက်အလက်များကို လိုအပ်သလို အသုံးပြုခဲ့ခြင်းဖြစ်သည်။ လူမျိုး သုဉ်းသတ်ဖြတ်မှုစွပ်စွဲချက်ကို စနစ်ကျနမှုမရှိ၊ သတ်မှတ်သည့်စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိဘဲ အတည်မပြုနိုင်သည့် တစ်ဆင့်စကားများဖြင့် ထွက်ဆိုထားသော အထောက်အထားများ ခိုင်မာမှု ရှိ/မရှိနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းထောက် ပြနိုင်ခဲ့သည်။

ယခုအမှုနှင့်အဓိကပတ်သက်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မိမိနယ်မြေလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အကြမ်းဖက်စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။ အဆိုပါဖြစ်စဉ်၏ အဓိကလက်သည်ဖြစ်သည့် ARSA အကြမ်းဖက်အဖွဲ့၏လုပ်ဆောင်ချက်ကို ဂမ်ဘီယာနိုင်ငံအနေဖြင့် ငြင်းဆိုထားခြင်းမရှိသော်လည်း မြန်မာနိုင်ငံအစိုးရက မိမိနိုင်ငံကို ကာကွယ် စောင့်ရှောက်ရန်အတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မှုအပေါ် ငြင်းဆိုလိုသည့်သဘောမှာ ရှေ့နောက်မညီ အမြီးအမောက်မတည့်သည့်စွပ်စွဲချက်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအား ဝင်ရောက်ကျူးကျော်ပြီး အကြမ်းဖက်တိုက်ခိုက်သူများအား အင်အားသုံးပြီး ရှင်းလင်းခြင်းကို မည်သည့်နိုင်ငံကမျှ လူမျိုးသုဉ်းတိုက်ခိုက်မှုဟု သတ်မှတ်ကြမည်မဟုတ်ပေ။

ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရင်ဆိုင်မှုကိုအသုံးချပြီး လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့်မသက်ဆိုင်သော လိုရာဆွဲယူသော အစီအစဉ်များဖြစ်သည့် “ရိုဟင်ဂျာ”ဆိုသည့်အမည်ကို တရားဝင်အသုံးပြုခွင့်ရရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်နှင့် အလိုအလျောက်နိုင်ငံသားပေးရန် တောင်းဆိုနေမှုများမှာ မမှန်မကန် မရိုးမသားလုပ်ဆောင်နေမှုများဖြစ်သည်မှာ ထင်ထင်ရှားရှားပေါ်လွင်နေသည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် ဘင်္ဂါလီများသည် ဥပဒေနှင့်ညီညွတ်ပါက မြန်မာနိုင်ငံက သတ်မှတ်ထားသည့် နိုင်ငံသားအမျိုးအစားသုံးမျိုးအနက် တစ်မျိုးမျိုးကို လျှောက်ထားရရှိနိုင်သည်။ မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားအားလုံးအပေါ်တွင် တန်းတူအခွင့်အရေးများ ပေးထားသည်။

၂၀၁၆-၂၀၁၇ ဖြစ်စဉ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်အကြား သဘောတူညီချက်များကို လျင်မြန်စွာပြုလုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်လက်ခံနေရာချထားရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အလုပ်အကိုင်ဖော်ဆောင်ရေးစသည်တို့ကို အစစအရာရာပြင်ဆင်ထားခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်လည်းကောင်း၊ ထိုဒေသတွင်ဖြစ်ပွားခဲ့သော နယ်မြေလုံခြုံရေး မတည်ငြိမ်မှုများကြောင့်လည်းကောင်း အမျိုးမျိုးသောအကြောင်းများကြောင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအစီအစဉ် နှောင့်နှေးနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သည် နိုင်ငံတိုင်းရှိ တပ်မတော်များ တာဝန်ထမ်းဆောင်သည့် အတိုင်း နိုင်ငံကိုကာကွယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် သောင်းကျန်းသူများကို တွန်းလှန်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်စေရန် ထိရောက်သည့်စစ်ဆင်ရေးကို လုပ်ဆောင်ကြရသည်။ ဖြစ်ပေါ်ခဲ့သောပြဿနာသည် ဘင်္ဂါလီအကြမ်းဖက်သမားများက စတင်ခဲ့သည်ကို အားလုံးသိရှိပြီးသားဖြစ်သည်။ ပြည်ပမှ စွက်ဖက်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအမှုသည် မခိုင်လုံသောအထောက်အထားများနှင့် မြန်မာနိုင်ငံအကျိုးစီးပွားပျက်ပြားအောင် လုပ်ဆောင်မှုသာဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိပါကြောင်း။ ။

Newspaper - 3460 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download