နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Ministry of Information/ Naypyitaw / December 22, 2024
နေပြည်တော် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာ သနာမှဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် St. Mary’s Cathedral Church သို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ သိက္ခာတော်ရဆရာမျိုးမြင့်ဦးက အဖွင့်ဆုတောင်းပြီး သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် “အိုသာယာသောမြန်မာပြည်” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟု ဆိုနိုင်ကြောင်း။
ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ဘာသာ၊ သာသနာရေးတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့် အညီအမျှရရှိရေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။
ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏ အတွင်းစိတ်သန္တာန်အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုသို့မတူကွဲပြားမှုများကြားတွင် မိမိတို့သည် သဘောထားကြီးစွာဖြင့် အပြန်အလှန်သည်းခံမှု၊ နားလည်ပေးနိုင်မှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယင်းကို မိမိတို့ ဆက်လက်ကာကွယ်ထိန်းသိမ်းသွားကြရန်လိုပြီး အထူးသဖြင့်သက် ဆိုင်ရာဘာသာအလိုက် ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာဝင်များကို အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် တိုက်တွန်းလိုကြောင်း။
မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူအဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။
မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း၊ ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခုခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်းရှိ ပြည်သူပြည်သားအားလုံး တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နော်အယ်ဆရီးဝါးက ဂုဏ်တော်ချီးမွမ်းခြင်းကို လည်းကောင်း၊ သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister မေရီဇင်မာဆွေက ကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊ ဓမ္မဒေသနာချီးမြှင့် ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း အသီးသီးဆောင်ရွက်ကြပြီး ခရစ္စမတ်သံစုံကို ကျေးဇူးတော်မြတ် နှစ်ချင်းအသင်းတော် မှသီဆိုဟစ်ကြွေးကြသည်။ ထို့နောက် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းကိုဆောင်ရွက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။
ထို့နောက် သိက္ခာတော်ရဆရာမန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရဆရာ စောဆားနေက ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်းကို ဆောင်ရွက်သည်။
ယင်းနောက် “ခရစ်တော်ကြွလာကျူး” ဓမ္မသီချင်းကို ပရိတ်သတ်များက သံပြိုင်သီဆိုကြသည်။
ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသောခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိလူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးမိသားစု၊ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3021 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download