နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားဖူးမြော်ပြီး ယွန်းပညာကောလိပ်လေ့လာ
နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားဖူးမြော်ပြီး ယွန်းပညာကောလိပ်လေ့လာ
Ministry of Information/ Naypyitaw / March 24, 2025
ညောင်ဦး မတ် ၂၃
မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။
ထိုသို့ သွားရောက်ဖူးမြော်ကြည်ညိုစဉ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ဘုရားကြီးသမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဘုရားကြီးပုံတော်ကို လက်ဆောင်အဖြစ်ပေးအပ်သည်။
ထို့နောက် ယွန်းပညာကောလိပ်(ပုဂံ)သို့ ရောက်ရှိရာ ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ဆရာမကြီးက ကောလိပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ယွန်းပညာကောလိပ် ကျောင်းသား ကျောင်းသူများ၏ ယွန်းထည်ပြုလုပ်ပုံအဆင့်ဆင့်ကို လည်းကောင်း၊ ယွန်းလက်မှုပစ္စည်းအရောင်းဆိုင်များကိုလည်းကောင်း၊ ဦးဘငြိမ်းယွန်းပစ္စည်း အရောင်းဆိုင်ကိုလည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။
သတင်းစဉ်
Newspaper - 3541 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
