နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 23, 2025

နေပြည်တော် မတ် ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်း ကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ဦးသန်းဇော်ဦး၏ ဒေသနွားအကောင် ၆၀၊ အသားတိုးနွား (ဘရန်မင်) အကောင် ၂၀ ကို ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ဆန်စက်မှ ဆန်များကြိတ်ခွဲထားရှိမှုနှင့် ဆန်စက်ဝင်းအတွင်း တည်ဆောက်နေသည့် Myanmar Rice Bran Oil Co.,ltd. ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းခွင်၌ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင်ကျေးရွာ ကွင်းအမှတ် ၁၇၂၁ တွင် နွေစပါးမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနေမှု၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာပေါင်းစပ်သုံးစွဲခြင်း သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး နေပြည်တော်အတွင်း အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါးမျိုးကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေများကိုစနစ်တကျ အလေအလွင့်မရှိစေရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု ပေါက်တောကျေးရွာရှိ ပိုင်ရှင်ဒေါ်ပြုံးသက်ပိုင်၏ ဥစားကြက်အကောင် ၃၀၀၀ နှင့် အသားတိုးကြက်အကောင် ၂၀၀၀ မွေးမြူရေးလုပ်ငန်းနှင့် ဇေယျာသီရိမြိုနယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ် (၁၆၁၈) တွင် TBL မျိုးစေ့ထုတ်ကုမ္ပဏီက TBL- KTK 1 ချည်မျှင်ရှည်ဝါ စပ်မျိုးထုတ်စိုက်ခင်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download