နေပြည်တော်ကောင်စီနယ်မြေအတွင်း၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်
နေပြည်တော်ကောင်စီနယ်မြေအတွင်း၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်း ပြောင်းရွှေ့တည်ဆောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 24, 2025

နေပြည်တော် မတ် ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်း အူကြောင်းပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် တာဝါတိုင်များ စိုက်ထူပြီးစီးမှု၊ တိုင်ဆင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ဓာတ်အားလိုင်းအဟောင်း ပြောင်းရွှေ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ၃၃ ကေဗွီ ဖွံ့ဖြိုးရေး(၁) ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစေရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင် ရွက်သွားရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးကော်မတီ ကသတ်မှတ်ထားသောအိမ်ရာ စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာနေထိုင်သွားရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်သွားကြရန် မှာကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မီတာစမ်းသပ်စစ်ဆေး ရေးဌာနသို့ရောက်ရှိပြီး မီတာများစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် ပစ္စည်းသိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ရုံးလုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download