နေပြည်တော်ကောင်စီနယ်မြေ၌ မြန်မာ့ရိုးရာသင်္ကြန်(အကြတ်)နေ့တွင် စိတ်အေးချမ်းသာစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ အေးသင်္ကြန် ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / April 16, 2025
image_latest


နေပြည်တော် ဧပြီ ၁၅

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေတွင် အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ယနေ့ကျရောက်သည့် သင်္ကြန်(အကြတ်)နေ့တွင်လည်း ဆက်လက်ကျင်းပလျက်ရှိရာ အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲ ကြသည်။

ချစ်စရာကောင်းသည့် မြန်မာ့စိတ်ထားကိုပေါ်လွင်စေ

ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင်လည်း အေးသင်္ကြန်ကို လာရောက်ဆင်နွှဲကြသည့် ပြည်သူများ မကောင်းသည့် အညစ်အကြေးများ သန့်စင်စေရန်အတွက် သပြေခက်ဖြင့်သော် လည်းကောင်း၊ ရေဖလားများဖြင့်သော်လည်းကောင်း တစ်ဦးနှင့်တစ်ဦးသိမ်မွေ့ယဉ်ကျေးစွာ ပက်ဖျန်းပေးကြပြီး စတုဒိသာမဏ္ဍပ်များ၌ အသင့်တည်ခင်းထားသည့် မြန်မာ့ရိုးရာ မုန့်မျိုးစုံကို ပြည်သူများစားသုံးနိုင်ရန် ဝေငှလှူဒါန်းပေးကြသည့် မြင်ကွင်းက ချစ်စရာကောင်း သည့် မြန်မာ့စိတ်ထားကို ပေါ်လွင်စေ သည်။

အလားတူ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်ဆင်နွှဲကြသည့် ပြည်သူများကိုလည်း အေးမြမြနံ့သာရည်ကို ငွေဖလားအတွင်း၌ ထည့်၍ သပြေခက်များဖြင့် ကြိုဆိုပက်ဖျန်းပေးပြီး နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့် ဘေးဥပဒ်အန္တရာယ်များ၊ အဆိုးအညံ့များ ပပျောက်ကင်းစင်ကာ သန့်ရှင်းခြင်းသို့ ရောက်ရှိစေရန် အဓိပ္ပာယ်ဖော်ဆောင်သည့်အနေဖြင့် ရေဖလားများဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ကစားကြသည်။

အဆိုပါ အေးသင်္ကြန်မဏ္ဍပ်၌ပင် ကုသိုလ်ကောင်းမှုအလှူအတန်းများအနေဖြင့် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းနှင့် နေ့စဉ်နံနက်နှင့်ညနေပိုင်းများတွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းမြင်ကွင်းက မြန်မာတို့၏ ကုသိုလ်ကောင်းမှု သဒ္ဓါတရားထက်သန်မှုကို ဖော်ကျူးလျက်ရှိသည်။

အဆိုပါ အေးသင်္ကြန်မဏ္ဍပ်များတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းခြယ်ခြင်း ကဏ္ဍကိုထည့်သွင်းထားရာ ပြည်သူများ အထူးစိတ်ဝင်စားစွာဖြင့် မြန်မာ့သနပ်ခါးကို မြတ်နိုးစွာ လိမ်းခြယ်ကြသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျင်းပသည့် အေးသင်္ကြန်မဏ္ဍပ်များသို့ ပါဝင်ဆင်နွှဲကြသည့် အများပြည်သူများအနေဖြင့်လည်း ဟီရိဩတ္တပ္ပကင်းသော အဝတ်အစားများ ဝတ်ဆင်ကြခြင်း၊ မူးယစ်သောက်စားရန်ဖြစ်ကြခြင်း စသည့် အပြုအမူများကို ရှောင်ကြဉ်ကြကာ မြန်မာဆန်သည့် အဝတ်အစားများ ဖြင့် မြန်မာမှု၊ မြန်မာ့ဟန်များကို ထုတ်ဖော်ပြသလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ၊ တန်ခိုးကြီး ဘုရားစေတီပုထိုးများနှင့် ကျောင်းကန် ဇရပ်များတွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများက တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ကုသိုလ်ဒါနပြု ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားရိပ်သာများ၌ တရားစခန်းဝင်ခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို စိတ်အေးချမ်းစွာ ဆောင်ရွက်ကြသည်။

အလားတူမြို့နယ်၊ ရပ်ကွက်အလိုက် စတုဒိသာများကျွေးမွေးခြင်း၊ သင်္ကြန်မဏ္ဍပ်ငယ်များ ဆောက်လုပ်ကာ တစ်ဦးနှင့်တစ်ဦး အေးချမ်းစွာ ရေပက်ကစားခြင်းတို့ဖြင့် အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်)အကြတ်နေ့ကို ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3495 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download