နေပြည်တော်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
နေပြည်တော်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျဆရာဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက ဒီနေ့ကျောင်းစတင်အပ်နှံရေးနေ့မှာ ယခင်နှစ်က ကျောင်းသားဟောင်းတွေနဲ့ ထပ်မံ လာရောက်အပ်နှံတဲ့ ကျောင်းသားတွေ ပိုမိုများပြားတာကို တွေ့ရပါတယ်။ ကျောင်းပြောင်းလာရောက် အပ်နှံတဲ့ကျောင်းသား ကျောင်းသူတွေကို အဆင်ပြေစွာ လက်ခံဆောင်ရွက်ပေးနေပါတယ်။ ကျောင်းအပ်နှံရေး အချိန်ကိုတော့ နံနက် ၈ နာရီကနေ ညနေ ၃ နာရီ အထိ သတ်မှတ်ထားပါတယ်။ အခမဲ့ပညာရေး ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရက အထက်တန်းနဲ့ အလယ်တန်းဆိုရင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း၊ ဘောပင်နှစ်ချောင်း ထောက်ပံ့ပေးပါတယ်။ မူလတန်းဆိုရင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံလေးချောင်းနဲ့ ကျောင်းဝတ်စုံထောက်ပံ့ပေးပါတယ်။
“မိဘတိုင်းက ကလေးတွေကို “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ နီးစပ်ရာကျောင်းတွေမှာ ကျောင်းအပ်နှံကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်ဆောင်ရွက်ထားခြင်း၊ ပညာ ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များစိုက်ထူ ထားခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများပြစနစ်ပုံ ဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများ အတွင်း၌လည်း စာသင်ခုံများစနစ်တကျ နေရာချထားခြင်းနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။
အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဝင်းခိုင်က “မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုပြီး ဆောင်ရွက်နေပါတယ်။ ကျောင်းတွေအားလုံး ဇွန် ၂ ရက်မှာ စတင်သင်ကြားခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းပြောင်းလာကြတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံးကို ကျောင်းအပ်လက်ခံဖို့ ညွှန်ကြားထားတာ ရှိတဲ့အတွက် ကျောင်းသား အဟောင်းရော၊ အသစ်ရော မည်သူမဆို လာရောက်အပ်နှံလို့ရပါတယ်။ လာရောက်အပ်နှံတဲ့ ကျောင်းသားတွေ အားလုံးကိုလည်း လက်ခံပေးသွား မှာဖြစ်ပါတယ်။
“Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုဖို့အတွက် မေ ၂ ရက်က စတင်ပြီး အထက(၆)၊ အထက (၇)နဲ့ အထက(၈)တို့က ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၀ ကို စခန်းသွင်းလေ့ကျင့်သင်ကြား ပေးနေပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ဇွန် ၂၁ ရက် စာမေးပွဲနောက်ဆုံးနေ့အထိ စခန်းသွင်းလေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း သက်ဆိုင်ရာမြို့နယ် အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်း များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာနိုင်ရန်အတွက် ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။
အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေက “ကျောင်းအပ်နှံရေးအချိန်ကိုတော့ မိဘတွေက ရုံးဝန်ထမ်းတွေ ဖြစ်တဲ့အတွက် နံနက် ၇နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီရက်သတ္တပတ်အတွင်း ကျောင်းအပ်နောက်ကျခဲ့လည်း လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံဖို့အတွက် ကျောင်းသားဦးရေ ကန့်သတ်တာမျိုးမရှိဘဲ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေ အဆင်ပြေမယ်ဆိုရင် လာအပ်သမျှကို လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းဖွင့်ရက်မှာ ကျောင်းသား ကျောင်းသူတွေ စာသင်ခန်းထဲ စာသင်ကြားနိုင်ရေး ဦးတည်ချက်ဖြစ်တဲ့အတွက် ကျောင်းသားအသစ်တွေအတွက် ကျောင်းပြောင်းလက်မှတ် အခက်အခဲဖြစ်ခဲ့ရင်လည်း အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်သက်သက် သင်းက “ကျောင်းဝင်း ကျောင်းပြင် သန့်ရှင်းသာယာလှပရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန် ရေးတို့ကို ဆောင်ရွက်ထားတဲ့အတွက် ကျောင်းတော်ကြီးက ကျောင်းသား ကျောင်းသူတွေကို လှပတင့်တယ်စွာနဲ့ ကြိုဆိုနေပါတယ်။ မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်အထိ ပိတ်ရက်မရှိ နံနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးနေပါပြီ။ ကျောင်းသား အဟောင်းရော၊ ကျောင်းသားအသစ်ရော ပထမဆုံးရက်မှာ အများအပြားလာရောက် အပ်နှံနေကြတာကိုတွေ့ရပါတယ်။ ကျောင်းသားဦးရေ ကန့်သတ်ထားတာမျိုးမရှိဘဲ ဝင်ဆံ့အင်အားအထိ လက်ခံသွားမှာဖြစ်ပါတယ်။
“ကျွန်မကျောင်းမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမအကြိမ် ကဖြေဆိုခဲ့တဲ့ Grade -12 ကျောင်းသား ကျောင်းသူ ၆၆ ဦးရှိပါတယ်။ အခုဆိုရင် အမှတ်(၅)အခြေခံပညာ အထက်ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၆၆ ဦးနဲ့ အထက်တန်းပြ ဆရာ ဆရာမ ၁၄ ဦးက နေ့ဘက်မှာဆိုရင်လည်း စာသင်ကြားပြသပြီးတော့ ညဘက်ဆိုရင်လည်း Study Guide လုပ်ပေးပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် အခု ဒုတိယအကြိမ်မှာဆိုရင်စာတွေကို ပိုမိုကြိုးစားပြီး အားရကျေနပ်မှုတွေရရှိတယ်လို့ ကြားသိရပါတယ်။
“လူငယ်တွေအနေနဲ့ ပညာရေးကို စဉ်ဆက်မပြတ် သင်ယူသွားမှသာလျှင် အနာဂတ်တိုင်းပြည်အတွက် အားသစ်တစ်ခုဖြစ်လာ မှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအားလုံးဟာ မည်သည့်အခက် အခဲရှိနေပါစေ ကျောင်းတက်ကြပါ။ ကျောင်းပညာကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၁၉၁၀၆ ဦး၊ အလယ်တန်းအဆင့်၌ ၇၇၃၆ ဦးနှင့် အထက်တန်းဆင့်၌ ၃၆၄၅ ဦး စုစုပေါင်း ၃၀၄၈၇ ဦး လာရောက်အပ်နှံကြကြောင်း သိရသည်။
ဝင်းသန့်၊ ဓာတ်ပုံ - ဖိုးပြည့်စုံ
Newspaper - 3171 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download