နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ၂၉ ရက်မြောက်နေ့အဖြစ် ဈေးကားများ လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ၂၉ ရက်မြောက်နေ့အဖြစ် ဈေးကားများ လှည့်လည်ရောင်းချပေးလျက်ရှိ
Ministry of Information/ Naypyitaw / April 29, 2025

နေပြည်တော် ဧပြီ ၂၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီ ၂၈ ရက်တွင် ၂၉ ရက် မြောက်နေ့အဖြစ် ဈေးကား ခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။
မတ် ၃၀ ရက်မှ ဧပြီ ၂၈ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာန ဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံ ဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ တပ်ကုန်းမြို့နယ်ရှိ အမှတ်(၁)ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရုံးအမှတ်-၄၅၊ ရဲဌာနရုံးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ရုံးအမှတ်-၁၁ နှင့် ရုံးအမှတ်-၄၀၊ ညောင်ပင်သာရွာ၊ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှင့် အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းမော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာကြည့်တိုက်တို့ရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည်ပါ (မနောသုခ - Export Quality) ၉၈၂၆ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂၆၈ အိတ်၊ ဆီပိဿာ ၂၈၅၂၀ ၊ ဆား ၁၄၇၉ ပိဿာ၊ ကုလားပဲ ၂၀ ကျပ် သားပါ အိတ် ၅၁၉၉ ထုပ်၊ ငါးပိ ၂၆၇ ပိဿာ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပဲ့ခြောက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးကြင်း ၄၅ ပိဿာ၊ ငါးတန်ပိဿာ ၄၀ ၊ ငါးမုတ်ပိဿာ ၃၀ နှင့် ခေါက်ဆွဲခြောက်ထုပ်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
အလားတူ စစ်ကိုင်းမြို့တွင်ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၂၈၈ အိတ်၊ စားအုန်းဆီ ၄၆၁၅ ပိဿာ၊ ဆား ၅၁ ပိဿာ၊ ကုလားပဲ ၂၀ ကျပ် သားပါ ၂၆၄ ဘူး၊ ငါးပိ ၁၆ ပိဿာ၊ ကြက်သွန်နီ ၅၃၈ ပိဿာ၊ အသားတု ၂၃ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၅၆၄ အိတ်၊ စားအုန်းဆီ ပိဿာ ၅၂၈၀၀၊ ဆား ၅၁ ပိဿာ၊ ကုလား ပဲ ၂၅ ကျပ်သားပါ ၈၄ ထုပ်၊ ငါးပိ ပိဿာ၂၀ ၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေး ခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3147 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။
