နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာ စာကြည့်တိုက်သစ်ဖွင့်လှစ်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာ စာကြည့်တိုက်သစ်ဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 21, 2025

ဘားအံ အောက်တိုဘာ ၂၁
နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ သုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်သစ် တည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည်တိုက်ဖွင့်ပွဲသို့တက်ရောက်လာသောဒေသခံတိုင်း ရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေ ကျပ်သိန်း(၂၀၀) ပြည်သူလူထုထည့်ဝင်ငွေကျပ် ၆၈၁၅၈၀ဝိ.-(ခြောက်ဆယ်ရှစ်သိန်းတစ်သောင်းငါးထောင်ရှစ်ရာကျပ်) စုစုပေါင်း ငွေကျပ် ၂၆၈၁၅၈၀ဝိ/-(နှစ်ရာခြောက်ဆယ်ရှစ်သိန်းတစ်သောင်းငါးထောင်ရှစ်ရာကျပ်)ဖြင့် ဆောက်လုပ်ခဲ့ သည့် စာကြည့်တိုက်အဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် သုတပညာစာကြည့်တိုက်အဆောက်အဦ အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ် အလိုက် ပရိဘောဂများအတွင်း စုဆောင်းထားရှိမှု၊ ဒေသခံပြည်သူများက စာကြည့်တိုက်အတွင်း စာအုပ်စာပေ လာရောက်လေ့လာဖတ်ရှုနေမှုတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေ၊ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောက်လုပ်ခဲ့သည့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မတည်ငွေဖြင့် စာကြည့်တိုက်(၅)တိုက်ကို ဆောက်လုပ်သွားမည်ဖြစ်ရာ ယခုဖွင့်လှစ်သည့်စာကြည့်တိုက်သည် ဒုတိယမြောက်ဖွင့်လှစ်သည့်စာကြည့်တိုက်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေး ထားဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲ ခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကိုဖတ်ရှုပြီးဘဝတိုး တက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင် အောင် စာဖတ်သည့်အလေ့အထများစွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေပဒေသာပင်များပေးအပ်လှူဒါန်း ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က သုတ၊ရသစာအုပ်စာစောင်ပေါင်း (၁၅၀)အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေး အပ်ကာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက သုတပညာစာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်း စာအုပ်စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာကြည့်တိုက်ရှိ စာအုပ်စာပေများအား လေ့လာဖတ်ရှုနိုင် ရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/တိုက်နယ်ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက် ခွာခဲ့ကြသည်။
ထို့နောက် ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရပ်ကွက်(၃+၆)အသင်းနှင့် ခလောက်နို့အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ရပ်ကွက်(၃+၆)အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ပါသည်။
Newspaper - 3324 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
