နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ စက်ရုံအသစ်(၂)ရုံ ပန္နက်တင်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ စက်ရုံအသစ်(၂)ရုံ ပန္နက်တင်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 09, 2025

ဘားအံ အောက်တိုဘာ ၉
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၌ ရှိုင်းထူးကူဘိုတာကုမ္ပဏီ၏ လယ်ယာသုံးစက်နှင့်စက်ကိရိယာအမျိုးမျိုးထုတ်လုပ် ရေးစက်ရုံ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၉ ရက် နေ့ နံနက်ပိုင်းက အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပသည်။
ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရှိုင်းထူးကူဘိုတာကုမ္ပဏီလီမိတက် မှတာဝန်ရှိသူများနှင့်အတူ သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ပန္နတော်တင်မင်္ဂလာအခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေး သူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် ရှိုင်းထူးကူဘိုတာကုမ္ပဏီမှ တာဝန်ရှိသူများက စက်ရုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ရှိုင်းထူးကုမ္ပဏီသည် ကူဘိုတာအမှတ်တံဆိပ် တစ်လုံးထိုးဒီဇယ်အင်ဂျင်များ၊ Tra Chang အမှတ်တံဆိပ် လယ်ယာသုံးလက်တွန်းထွန်စက်နှင့် စက်ကိရိယာအမျိုးမျိုးကိုတပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ဒေသခံတောင်သူ များအနေဖြင့် အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ThanLwin Alliance ကုမ္ပဏီ လီမိတက်၏ တန်(၁၀၀)ဆန်စက်နှင့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်း အနား ကို နံနက် ၁၀ နာရီ က ဘားအံ-လှိုင်းဘွဲလမ်း၊ စက်မှုဇုန်၊ ထီးဖိုးကလုံးကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများ နှင့်အတူ မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကိုစိုက်ထူ၍ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ThanLwin Alliance ကုမ္ပဏီ လီမိတက်အနေဖြင့် ငွေကျပ် ၃ ဒဿမ ၅ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံ၍ ဘားအံမြို့ နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ပြည်နယ်အတွင်းထွက်ရှိသည့် ဆန်၊စပါးများကို ဝယ်ယူကြိတ်ခွဲ၍ ဒေသတွင်းနှင့် ပြည်တွင်း ပြည်ပများသို့ ပြန်လည်တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး တည်ဆောက်ရေးကာလ (၆)လကြာမြင့်မည်ဖြစ်ကာ ဆန်စက်ထွက်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးစွန့်ပစ်ပစ္စည်းများကိုအသုံးပြု၍ သဘာဝမြေဩဇာများကိုလည်း ထုတ်လုပ်သွားမည်ဖြစ်သည်။
ဘားအံစက်မှုဇုန်တွင် တည်ဆောက်ဆဲစက်ရုံအလုပ်ရုံ ၂၉ ရုံရှိပြီး စက်ရုံ၊အလုပ်ရုံပေါင်း ၄၆ ရုံ လုပ်ငန်း လည်ပတ်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူအလုပ်သမားဦးရေ ၅၃၀ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကာ တည်ဆောက်ဆဲစက်ရုံများနှင့်အသစ်ထပ်မံတည်ဆောက်သည့်စက်ရုံများ ပြီးစီးပါက အလုပ် အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ပါသည်။
Newspaper - 3313 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download