နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်
Ministry of Information/ Naypyitaw / March 24, 2025

ရန်ကုန် မတ် ၂၃
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် လူငယ်များက လူငယ်စင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လူငယ်စင်တာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး လူငယ်စင်တာအတွင်းရှိ စာကြည့်တိုက်၊ အင်တာနက်ခန်းမ၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ အနုပညာခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အားကစားခန်းမတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် လူငယ်များက “လူငယ်စွမ်းရည်”ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဖွင့်လှစ်သည့် လူငယ်စင်တာသည် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် လူငယ်စင်တာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့များ အချင်းချင်း မိတ်ဆက်ဆောင်ရွက်နိုင်သော လက်တွေ့ကျသည့် ယန္တရားတစ်ခုဖော်ဆောင်ပေးရ မည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် လူငယ်စင်တာများကို ဆက်လက်ဖွင့်လှစ် သွားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပြီး တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် လူငယ်စင်တာတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လူငယ်များက “လူချွန်လူကောင်း” တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် အလှူရှင်များက အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုကော်မတီသို့ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် သိန်း ၆၄၈၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဉ်အသင့်” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး လူငယ့်အားမာန်စာကြည့်တိုက်သို့ လှူဒါန်းသည့် စာအုပ်များကို ဒုတိယဝန်ကြီးက လက်ခံရယူသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ဘင်ခရာ၊ ပန်းဖွားအဖွဲ့များနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက လူငယ်စင်တာ ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူငယ်များက “ဇာတိမာန်” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းနှင့် တစ်နှစ်တာ လျှပ်စစ်မီးရရှိရေးအတွက် ကုန်ကျငွေ ကျပ် ၄၁၅၈ သိန်းကျော်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download