နှစ် (၈၀) ပြည့် ဗီယက်နမ်ပြည်သူ့တပ်မတော်နေ့အထိမ်းအမှတ်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၅) နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့ အထိမ်းအမှတ်ပွဲပြုလုပ်
နှစ် (၈၀) ပြည့် ဗီယက်နမ်ပြည်သူ့တပ်မတော်နေ့အထိမ်းအမှတ်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၅) နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့ အထိမ်းအမှတ်ပွဲပြုလုပ်
Ministry of Information/ Naypyitaw / December 21, 2024

နေပြည်တော် ဒီဇင်ဘာ ၂၀
နှစ် (၈၀) ပြည့် ဗီယက်နမ်ပြည်သူ့တပ်မတော်နေ့အထိမ်းအမှတ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၅) နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့ အထိမ်းအမှတ်ပွဲကို ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဗီယက်နမ်စစ်သံမှူး Senior Col.Dao Van Duy ၊ ဗီယက်နမ်သံအမတ်ကြီး H.E.Ly Quoc Tuan ၊ တာဝန်ရှိသူများ၊ ဗီယက်နမ်စစ်သံရုံးနှင့် DSAC အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကိတ်မုန့်လှီးဖြတ်
ဦးစွာ တိုင်းမှူးနှင့် ဗီယက်နမ်စစ်သံမှူး၊ ဗီယက်နမ်သံအမတ်ကြီး၊ တက်ရောက်လာကြသူများက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖွင့်လှစ်၍ အလေးပြုကြပြီး ဗီယက်နမ်ပြည်သူ့တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးနှင့် ဗီယက်နမ် စစ်သံမှူး၊ ဗီယက်နမ်သံအမတ်ကြီးတို့က အထိမ်းအမှတ်ကိတ်မုန့် လှီးဖြတ်ပေးကြသည်။
တင်ဆက်မှုကြည့်ရှု
ဆက်လက်၍ တိုင်းမှူးနှင့် ဗီယက်နမ်စစ်သံမှူး၊ ဗီယက်နမ်သံအမတ်ကြီးတို့က တက်ရောက်လာကြသူများနှင့်အတူ ညစာသုံးဆောင်ကြပြီး အနုပညာ ကပြတင်ဆက်မှုများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3188 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။
