ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
Ministry of Information/ Naypyitaw / August 04, 2025

နေပြည်တော် ဩဂုတ် ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု ဝတ္ထုရှည် တတိယဆုရရှိသည့် စာရေးဆရာ နေစိုးသော်၏ “စိတ်”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် မိဘနှစ်ပါးမရှိတော့သည့် ငါးနှစ်အရွယ်ကလေးဘဝမှာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်လာပြီး ကိုရင်ဘဝဖြင့် ၁၃ နှစ် ဝါဆိုခဲ့သူ ကိုရင်လေး နန္ဒ၊ အသက် ၂၀ ပြည့်ပြီမို့ ရဟန်းဘောင်သို့ တက်ပေးရန် စီစဉ်နေဆဲမှာပင် ကိုရင်ဘဝမှ လူဝတ်ကြောင်ဘဝသို့ ထိန်လင်းအမည်ဖြင့် ကူးပြောင်းပြီး လူမှုရေးနယ်ပယ်ထဲရောက်သွားပုံ၊ ကာမတဏှာလောက မာယာထဲမှာ ခဏတာသာယာကြည်နူးပျော်မြူးနေခဲ့ရာမှ မာယာကျော့ကွင်းအတွင်း သက်ဆင်းသွားခဲ့ရပုံ၊ အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရစဉ်တွင် ကယ်တင်ရှင်နှင့်တွေ့ဆုံပြီး သေဘေးမှ လွတ်မြောက်၊ သံဝေဂနောင်တ အသိတရားရလာကာ သာသနာ့ဘောင်သို့ ဦးပဉ္စင်းဘဝနှင့် ပြန်လည်ရောက်ရှိသွားပုံ၊ လူကိုစိုးမိုးအုပ်ချုပ်သူမှာစိတ်ဖြစ်ကြောင်း၊ ကာမဂုဏ်စည်းစိမ်ချမ်းသာတို့သည် သံသရာတစ်ဖက်ကမ်းသို့ရောက်အောင် အားထုတ်ခြင်းမရှိသူလူမိုက်ကို ပျက်စီးစေတတ်ကုန်၏။ လူသည် မိမိကိုယ်ကို ချုပ်တည်းနိုင်မှသာလျှင် အလင်းရောင်ကိုရနိုင်သည်။ စိတ်နှလုံးသည် အလင်းရောင် တည်ရှိရာဌာန။ ထိုစိတ်သည်သာ အခရာဖြစ်ကြောင်း လျှို့ဝှက်သည်းဖိုဆန်ဆန် ပုံဖော်ခြယ်မှုန်းထားသည်။
ထို့ပြင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ လှုံ့ဆော်ထားပြီး အရာရာတွင် စိတ်သာလျှင် အဓိကကျကြောင်း ညွှန်းဆိုရေးသားထားရာ အရေးအသားပြေပြစ် ချောမွေ့သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၃၀၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3244 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။
