ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှာ လေထီးစစ်သည်တွေရဲ့ စွမ်းရည်တွေကိုလည်း ပြည်သူတွေအားလုံး ကြည့်ရှုအားပေးကြပါလို့ ပြောချင်ပါတယ်
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှာ လေထီးစစ်သည်တွေရဲ့ စွမ်းရည်တွေကိုလည်း ပြည်သူတွေအားလုံး ကြည့်ရှုအားပေးကြပါလို့ ပြောချင်ပါတယ်
Ministry of Information/ Naypyitaw / November 05, 2024
ဒုတပ်ကြပ် အာကာဇော်
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အလွတ်ခုန်လေထီးစစ်သည်များက တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော် အလံသယ်ဆောင်၍ ကွင်းအတွင်းဆင်းသက်မည့်အစီအစဉ်အတွက် ကြိုတင်လေ့ကျင့်လျက်ရှိရာ လေထီးသူရဲကောင်းများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဒုတိယဗိုလ်မှူးကြီး ဥက္ကာဆန်း
ကျောင်းအုပ်ကြီး၊
ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း
ကျွန်တော်တို့ လေထီးစစ်သည်တွေအားလုံး အထက်ကပေးအပ်လိုက်တဲ့ တာဝန်ကို အောင်အောင်မြင်မြင်ဖြစ်ဖို့အတွက် အလုံးစုံတာဝန်ယူထားပါတယ်။ လေ့ကျင့်မှုအနေနဲ့က နေပြည်တော်ကို မရောက်ခင် မှော်ဘီမှာ (၄၅)ကြိမ် Y-12 လေယာဉ်နဲ့ လေ့ကျင့်ပြီး အခု ကျွန်တော် တို့ နေပြည်တော်မှာ လေ့ကျင့်တာ(၃၁)ကြိမ်ရှိပါပြီ။ အခုလို ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှာ တပ်မတော်ရဲ့ စွမ်းရည်ကို ပြသရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။
ဗိုလ်မှူး အောင်ထွန်းမင်း
ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း
ဒုတိယကျောင်းအုပ်ကြီး
ကျွန်တော်ကတော့ ဇေယျာသီရိအားကစားကွင်း ကွင်းသစ်ဖွင့်ပွဲ၊ အာဆီယံတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်များ အားကစားပြိုင်ပွဲ ၂၀၂၁ နဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွေမှာ အလွတ်ခုန်လေထီးဆင်းပြီး ပါဝင်သရုပ်ပြခဲ့ပါတယ်။ အခုကတော့ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်မှာ ဝင်ရောက်ပြီးတော့ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အောင်မြင်စွာ သရုပ်ပြဆင်းသက်နိုင်ဖို့အတွက် လေ့ကျင့်တဲ့အခါမှာ ရဟတ်ယာဉ်အဖွဲ့တွေ၊ မြေပြင်က ကွင်းတာဝန်ခံအဖွဲ့တွေ၊ လေထီးခုန်တဲ့ Jumper အဖွဲ့တွေ၊ လေထီး ထုပ်ပိုးတဲ့အဖွဲ့တွေ အများကြီး ပူးပေါင်းပြီးတော့၊ အကုန်လုံးစုစည်းပြီးတော့ ကိုယ့်အပိုင်းလိုက် အောင်မြင်အောင် လုပ်ဆောင်လျက်ရှိပါတယ်။
ဗိုလ်ကြီး အောင်ကျော်ဟန် (သက်စောင့်ဌာနမှူး)
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ဝင်ရောက်ပြီးတော့ လေထီး ခုန်ခွင့်ရရှိခဲ့ပါတယ်။ အခုလို လုပ်နိုင်တဲ့အရွယ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရဟတ်ယာဉ်နှစ်စင်းနဲ့ အမြင့်ပေ ၆၀၀၀ ကနေ ရှစ်ယောက်တွဲခုန်မှာ ဖြစ်ပါတယ်။ အမြင့်ပေ ၆၀၀၀ ကနေ လေထီးအလွတ်ခုန်မယ်၊ သတ်မှတ် အမြင့်ပေ ၄၅၀၀ မှာ လေထီးဖွင့်ပြီးတော့ အပေါ်မှာ အနိမ့်အမြင့်စီပြီး ဆင်းသက်မှာ ဖြစ်ပါတယ်။ ဆင်းသက်တဲ့အခါမှာ ပွဲတော်အလံနဲ့၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အလံကို သယ်ဆောင်ပြီးတော့ သရုပ်ပြ ဆင်းသက်သွားမှာဖြစ်ပါတယ်။
ဒုတပ်ကြပ် အာကာဇော်
ကျွန်တော်လေထီးခုန်တာ (၃၇၁) ကြိမ်ရှိပြီ။ အခြားသူတွေ အခုလိုပွဲတော်တွေမှာ ခုန်နေတာကို အားကျခဲ့ရပါတယ်။ အခုလက်ရှိ ကိုယ်ကိုယ်တိုင်ခုန်ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားမှာ လေထီးခုန်အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ အခုပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှာ လေထီးစစ်သည်တွေရဲ့ စွမ်းရည်တွေကို လည်း ပြည်သူတွေအားလုံး ကြည့်ရှုအားပေးကြပါလို့ ပြောချင်ပါတယ်။
တပ်ကြပ် ကျော်မျိုးဝေ
ကျွန်တော်က ၂၀၁၃ ခုနှစ် ဇေယျာသီရိအားကစားကွင်းသစ်ဖွင့်ပွဲ၊ ၂၀၁၅ အာဆီယံသေနတ်ပစ်ပြိုင်ပွဲနဲ့ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားမှာ အလွတ်ခုန်လေထီးအဖွဲ့မှာ ပါဝင်သရုပ်ပြခဲ့ပါတယ်။ အခုလို ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်မှာလည်း ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ လေထီးသင်တန်းကျောင်းမှာ သင်တန်းနည်းပြတွေနဲ့ အဆင့်ဆင့် လေ့ကျင့်ပြီးအခုကတော့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ လာရောက်လေ့ကျင့်နေတာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ဂျိုင်း၊
ဓာတ်ပုံ-ကေအေတီ
Newspaper - 3031 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download