ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာ ပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်


Ministry of Information/ Naypyitaw / December 11, 2024
image_latest


ပဉ္ဓမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပလျက်ရှိရာ သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်-

ဦးစိန်ဝင်း

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နည်းစနစ်နှင့် ခုံသမာဓိကော်မတီဝင်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ မြန်မာ့သိုင်းပြိုင်ပွဲကို ပါဝင်ကျင်းပပေးတာဟာ မြန်မာ့ရိုးရာသိုင်းပညာ ပိုမိုအဆင့်မြင့်မားလာပြီး အရှေ့တောင်အာရှအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပထမခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ကလေးတွေလည်း ပြိုင်ပွဲဝင်ရတဲ့အတွက် အားကစားစိတ်ဓာတ်တွေ တက်ကြွလာမယ်။ အားကစားအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမယ်။ မြန်မာ့သိုင်းပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ မကျင်းပနိုင်ရင်တောင် တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ပြိုင်ပွဲတွေ မကြာမကြာကျင်းပပေးဖို့လိုပါတယ်။ အခုလိုမြန်မာ့သိုင်း(အပြ)ပြိုင်ပွဲတွေတင်မဟုတ်ဘဲ အတိုက်ပြိုင်ပွဲတွေလည်း ကျင်းပပေးစေချင်ပါတယ်။ အဲဒီလိုကျင်းပပေးရင် နိုင်ငံတကာအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာတော့ သိုင်းပညာရှင်စွမ်းရည်ပြ ပြိုင်ပွဲမှာ လက်သိုင်း၊ ဓားတစ်လက်၊ ဓားနှစ်လက်၊ တုတ်ရှည်လှံရှည်၊ ၁+၂ ကျားမ အတွဲလိုက်၊ ၁+၃ ကျားမ၊ တစ်ကိုယ်တော်အပြပြိုင်ပွဲတွေလည်းပါဝင်ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ပါတယ်။

မောင်ဝင်းကျော်

အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

နိုင်ငံတော်အဆင့်ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ ဂုဏ်လည်းဂုဏ်ယူသလို မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းနဲ့အတူ ရွှေတံဆိပ်ဆုရတော့ ပိုပြီးဝမ်းသာပါတယ်။ ဘယ်အသင်းကိုမှ လျှော့တွက်လို့မရတဲ့အတွက် အတော်လေးလေ့ကျင့်ခဲ့ရတယ်။ စွမ်းရည်မြင့်တဲ့ အသင်းတွေကို ကျော်ဖြတ်ပြီးမှ ရွှေတံဆိပ်ဆုရခဲ့တော့ ပိုပြီးပျော်ပါတယ်။ ဒီလိုပြိုင်ပွဲတွေ များများကျင်းပပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အားကစားသမားတွေအတွက် အများကြီးအကျိုးရှိတာပေါ့။ မျိုးဆက်သစ်အားကစားသမားတွေလည်း အများကြီးပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘော်လီဘောအားကစားကို စိတ်ဝင်စားလို့အသက် ၁၄ နှစ်ကတည်းက လေ့ကျင့် ခဲ့တာပါ။ အခုရရှိတဲ့ရွှေတံဆိပ်နဲ့ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲတွေကရတဲ့ ရွှေတံဆိပ်အပါအဝင် ရွှေတံဆိပ်စုစုပေါင်း သုံးခုရှိသွားပါပြီ။ 

မနှင်းရတနာဝေ

မြန်မာ့သိုင်းအားကစားပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု

အခု ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲမစခင်ရက်ပေါင်း ၅၀ ကြာ စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။မြန်မာ့သိုင်းပညာကို စိတ်ဝင်စားလို့ဝင်ပြိုင်ဖြစ်တာပါ။ အခုလို နိုင်ငံတော်အဆင့်ကျင်းပတဲ့ပွဲတော်ကြီးမှာ တစ်ခါမှမယှဉ်ပြိုင်ခဲ့ဖူးပါဘူး။ ပထမဆုံးအကြိမ်ပါ။ အခုပွဲတော်မှာ မြန်မာ့သိုင်းကို ထည့်သွင်းကျင်းပ ပေးတာဟာမြန်မာ့သိုင်းပညာကို အဆင့်မြှင့်တင်တဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အရင်တုန်းက မြန်မာ့သိုင်းကို သိပ်စိတ်မဝင်စားခဲ့ဘူး။ အခုလို ဝင်ပြိုင်ဖြစ်မှ ပိုပြီးစိတ်ဝင်စားလာတယ်။ မြန်မာ့သိုင်းကို လူငယ်တွေ သင်ယူလိုစိတ်ဖြစ်အောင်လည်း ပညာတွေဆက်သင်ပြီး မျှဝေသွားမှာပါ။ အခုလိုပွဲတော်ကြီးကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မသက်ထားဗို

အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဝင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

အခုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် နှစ်လလောက်ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင့်ခဲ့ရပါတယ်။ လက်ဝှေ့အားကစားကို ဝါသနာပါလို့ လေ့လာသင်ယူခဲ့တာပါ။ အရင်တုန်းကတော့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးပါတယ်။ အခုလိုနိုင်ငံတော်အဆင့်ပြိုင်ပွဲတွေမှာတော့ တစ်ခါမှပါဝင်ယှဉ်ပြိုင်ခဲ့တာမရှိပါဘူး။ ဒီနေ့ယှဉ်ပြိုင်ခဲ့တာကတော့ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာမယ်၊ ပြိုင်ပွဲ အတွေ့အကြုံတွေလည်းရမယ်၊ အဲဒါကြောင့် နိုင်ငံတော်အဆင့် အမျိုးသားအားကစားပြိုင်ပွဲတွေ ကျင်းပပေးတာကောင်းပါတယ်။ နောက်လည်း အခုလိုအားကစားပြိုင်ပွဲတွေ ဆက်လက်ကျင်းပပေး စေချင်သလို ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မဖူးမြတ်ဝေ

ဂျူဒိုအားကစားပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု

ဂျူဒိုအားကစားကို စိတ်ဝင်စားလို့ လေ့လာသင်ယူခဲ့တာဖြစ်ပြီး အခုပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် သုံးလလောက် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ ဂျူဒိုအားကစားကို ဝါသနာပါလို့ လွန်ခဲ့တဲ့နှစ်နှစ် လောက်ကတည်းက လေ့ကျင့်ခဲ့တာပါ။ အခုလိုနိုင်ငံတော်အဆင့်ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကလာတဲ့ အားကစားသမား‌တွေရဲ့ ကစားပုံကစားနည်းတွေကို လည်းတွေ့ရသလို ပြိုင်ပွဲဝင်အတွေ့အကြုံတွေလည်းရပါတယ်။ 

မနွယ်နီထား

အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု

အခုလို ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ကြီးမှာပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ နှစ်လကျော်လောက်လေ့ကျင့်ခဲ့တာပါ။ အခုပြိုင်ပွဲကတော့ နိုင်ငံတော်အဆင့်ပွဲဖြစ်တာကြောင့် အတွေ့အကြုံ တွေလည်းအများကြီးရပါတယ်။ အရင်ကတော့ ကျောင်းသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ကျောင်းသားအားကစားပွဲတော်မှာတော့ ရွှေတံဆိပ်ဆုတွေလည်းရခဲ့ပါတယ်။ ဘော်လီဘော အားကစားကို ငယ်ငယ်ကတည်းက စိတ်ဝင်စားလို့လေ့ကျင့်ခဲ့တာပါ။ နောက်လည်း အခုလိုမျိုး အားကစားပွဲတော်တွေ ဆက်လက်ကျင်းပပေးပါလို့ တောင်းဆိုချင်ပါတယ်။

တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ

အလင်းသစ်၊ လင်းရာမ

Newspaper - 3153 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download