ပညာရေးကဏ္ဍမှာ အာရှနိုင်ငံတွေနဲ့ရင်ပေါင်တန်းပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကနေ လူငယ်တွေရဲ့ အနာဂတ်ကို ပိုပြီးတိုးတက်ကောင်းမွန်ဖို့ ဖော်ဆောင်ပေးနိုင်မယ့် အစိုးရသစ်တစ်ရပ်ကိုလည်း မျှော်လင့်ထားပါတယ်


Ministry of Information/ Naypyitaw / January 26, 2026
image_latest


မဝတ်ရွှေရည်(ရန်ကင်းမြို့နယ်)

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ဆက်လက်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဒဂုံ၊ လမ်းမတော်၊ ရန်ကင်း၊ တာမွေမြို့နယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်များနှင့် တာဝန်ရှိသူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်-

မခင်မာလွင်(ဒဂုံမြို့နယ်)

နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ချင်လို့ မိသားစုလိုက် မဲလာပေးတာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို ရွေးချယ်မဲပေးခဲ့ပါတယ်၊ အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာတဲ့အခါ ပြည်သူတွေအတွက် လုပ်ပေးစေချင်တာကတော့ ကုန်ဈေးနှုန်းတွေ လျော့ကျစေရေးအတွက် ဆောင်ရွက်ပေးပါလို့ပြောချင်ပါတယ်။

မောင်ပိုင်စိုး (ဒဂုံမြို့နယ်)

ပထမဆုံးအကြိမ် ကိုယ်တိုင်ရွေးချယ်မဲပေးရတဲ့ အတွေ့အကြုံက ရင်ခုန်တယ်၊ လူငယ်တစ်ယောက်အနေနဲ့ မဲလာပေးတယ်ဆိုတာက နိုင်ငံသားတစ်ယောက် အခွင့်အရေးဖြစ်တာကြောင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိပြီး ဘဝ တွေအဆင်ပြေဖို့ မျှော်လင့်ချက်ကြောင့်ပါ။ လူငယ်တစ်ယောက်အနေနဲ့ လွတ်လပ်ပြီး အေးအေးချမ်းချမ်းနေချင်ပါတယ်၊ အဓိကကမိသားစုကို ကောင်းမွန်အောင်ထားချင်တယ်။ ကျွန်တော်တို့ လူငယ်တွေအလုပ်အကိုင်နဲ့ ရတဲ့လစာပိုကောင်းစေချင်တယ်။ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေကောင်းမွန်စေချင်တယ်။

မယွန်းကဗျာစိုး (ဒဂုံမြို့နယ်)

ပထမဆုံးအကြိမ်မဲပေးရတဲ့ အတွေ့အကြုံက စိတ်လှုပ်ရှားတယ်။ ကျွန်မတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးပိုင်းဆိုင်ရာ ပိုမိုမြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းတွေကို မျှော်လင့်ပါတယ်။ အားလုံးအတွက် ပိုကောင်းမယ် ထင်တဲ့ခေါင်းဆောင်ကို မျှော်လင့်တာကြောင့် ဆန္ဒမဲလာပေးတာပါ။

မအေးမဒီစိုး (လမ်းမတော်မြို့နယ်)

ပထမဆုံးအကြိမ်မဲပေးတာပါ၊ အစကတော့ မလုပ်တတ်မှာစိုးရိမ်ပေမယ့် လွယ်ကူရိုးရှင်းတယ်၊ အဆင်ပြေပါတယ်၊ နိုင်ငံသားဖြစ်ရင်တော့ ကိုယ့်နိုင်ငံအတွက် ကြည့်သင့်တယ်၊ နောင်ရှေ့လျှောက် ဘာတွေဖြစ်မယ်၊ ဒီနိုင်ငံမှာနေရင် ကိုယ့်နိုင်ငံအတွက် ကြည့်သင့်တယ်၊ မြန်မာနိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပုံမှန်လည်ပတ်နေတာမျိုး ဖြစ်စေချင်တယ်။ ဒါကြောင့် ကိုယ်ပေးမယ့်ကိုယ်စားလှယ်ကို လေ့လာတယ်၊ အကောင်းဆုံးဆောင်ရွက်မယ်ထင်တဲ့သူကို မဲပေးခဲ့ပါတယ်၊ ရှေ့လျှောက်မြန်မာနိုင်ငံလည်း ငြိမ်းချမ်းပြီး တိုးတက်တာကို မျှော်လင့်ချင်တယ်။

မောင်ဝေဖြိုးဦး (လမ်းမတော်မြို့နယ်)

နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ရဖို့ မိမိဆန္ဒနဲ့ ထပ်တူကျမယ်လို့ထင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့ပါတယ်၊ နိုင်ငံကို ဒီထက်ပိုပြီး ကောင်းမွန်စေချင်တဲ့အပြင် အစစအရာရာ အဆင်ပြေတိုးတက်စေချင်ပါတယ်။

မဝတ်ရွှေရည် (ရန်ကင်းမြို့နယ်)

ကျွန်မအနေနဲ့ ပထမဆုံးဆန္ဒမဲပေးရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးမဆုံးရှုံးအောင် မဲပေးခွင့်ရတဲ့အပေါ်မှာလည်း ဝမ်းသာရပါတယ်။ စက်နဲ့မဲပေးရတာ ဘာမှအခက်အခဲမရှိပါဘူး။ ကျွန်မက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်၊ ကိုယ့်နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့အားနဲ့ အကျိုးပြုချင်ပါတယ်။ အခုထက်ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်ချင်ပါတယ်။ ပညာရေးကဏ္ဍမှာ အာရှနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကနေ လူငယ်တွေရဲ့ အနာဂတ်ကို ပိုပြီးတိုးတက်ကောင်းမွန်ဖို့ ဖော်ဆောင်ပေးနိုင်မယ့် အစိုးရသစ်တစ်ရပ်ကိုလည်း မျှော်လင့်ထားပါတယ်။

မမေသဲနုခိုင် (တာမွေမြို့နယ်)

ကျွန်မက ပထမဆုံးဆန္ဒမဲပေးရတာပါ။ စက်နဲ့ပေးရတာ အဆင်ပြေပါတယ်။ နိုင်ငံအတွက် အကျိုးရှိမယ်လို့ ထင်ထားတဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ကျွန်မက ကျောင်းသူတစ်ဦးဖြစ်တဲ့အတွက် ပညာ ရေးကဏ္ဍကိုပဲ ဦးစားပေးပြောချင်ပါတယ်။ နိုင်ငံတည်ထောင်တဲ့အခါမှာ ပညာရေးနဲ့ တည်ထောင်ကြတဲ့ နိုင်ငံဟာ ဒီနေ့မှာ အရှိန်အဟုန်နဲ့ တိုးတက်နေတာကိုတွေ့ရ မှာပါ။ ပညာရည်မြင့်မားရင် နည်းပညာကပ်ပါလာတဲ့အတွက် စီးပွားရေးက အလိုလိုအောင်မြင်ပြီးသားပါ။ ပတ်ဝန်းကျင်နိုင်ငံတွေကိုကြည့်ရင် သိပါတယ်။ တည်ငြိမ်တဲ့ ပညာရေးစနစ်လည်းဖြစ်ဖို့ လိုပါတယ်။ လူငယ်တွေဆိုတာ အနာဂတ်ကို လင်းလက်တောက်ပစေတဲ့ မျိုးဆက်သစ်တွေဖြစ်တာကြောင့် လူငယ်တွေကို ရွှေချဖို့လိုတယ်လို့ ပြောချင်ပါတယ်။ ပညာရေးကဏ္ဍမှာလည်း တောင်ပေါ်၊ မြေပြန့်အခွင့်အရေးနဲ့ သင်ကြားရေး ညီမျှဖို့လိုပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာ လူငယ်တွေအပေါ်မှာ မူတည်နေတဲ့အတွက် ကျွန်မတို့ လူငယ်တွေအနာဂတ် ရွှေရောင်လင်းလက်ဖို့ဆိုရင် ပညာအလင်းနဲ့မှ ဝင်းလက်စေမှာပါ။ လူငယ်၊ ပညာရေးနဲ့ ပေါင်းစည်းမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ စစ်မှန်တဲ့ခွန်အားတစ်ခုလို့ ပြောလိုပါတယ်။

မမေရတနာ (တာမွေမြို့နယ်)

ကျွန်မမျက်စိဆေးရုံမှာ အလုပ်လုပ် နေပါတယ်။ နိုင်ငံသားလူငယ်တစ်ဦးအနေနဲ့ ပထမဆုံးမဲပေးရတာဖြစ်ပါတယ်။ လစာတွေတိုးဖို့၊ ကုန်ဈေးနှုန်းလျော့ကျဖို့၊ အလုပ်အကိုင်‌‌တွေအဆင်ပြေဖို့ စွမ်းဆောင်နိုင်မယ့်ပါတီကို အပြည့်အဝမဲပေးခဲ့ပါတယ်။ ပြီးတော့ ဝန်ထမ်းတွေ နေထိုင်၊ သွားလာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ထင်တဲ့ ပါတီကို မဲပေးခဲ့တာပါ။ နိုင်ငံကို အေးချမ်းသာယာစေချင်တယ်။ ဝန်ထမ်းတွေရဲ့ ဘဝတိုးတက်မြင့်မားအောင် စီမံဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အားပါးတရမဲပေးခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့ လူငယ်ဝန်ထမ်းတွေ ဘဝနောင်ရေးစိတ်အေးရမယ်လို့ ထင်ပါတယ်။

မနန်းဝတ်ရည် (တာမွေမြို့နယ်)

နိုင်ငံအတွက် အရေးကြီးတဲ့ဆန္ဒမဲကို ပေးခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းဟာ တိုင်းပြည်ပိုပြီးကောင်းမွန်အောင်၊ စီးပွားရေးဘက်မှာလည်း အဆင်ပြေလာအောင် ဆောင်ရွက်ပေးနိုင်မယ့်သူလို့ ယူဆထားလို့ပါ။ အစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာရင် ကုန်ဈေးနှုန်းတည်ငြိမ်ပြီး ကုန်ဈေးနှုန်းဟာ လစာနဲ့ အဆင်ပြေအောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေကနေ အားလုံးစီးပွားရေးအဆင်ပြေအောင်၊ အမျိုးသမီးထုတစ်ရပ်လုံးလုံခြုံမှုနဲ့ အခွင့်အရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပြည်သူကိုယ်စားပြုအားကိုးအားထားပြုနိုင်မယ်လို့ အများကြီးမျှော်လင့်ထားပါတယ်။

ဦးစိုးဝင်း (တာမွေမြို့နယ်)

ကျွန်တော်က တိုင်းပြည်ကောင်းရာကောင်းကြောင်းကို ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်သွားမယ့် ပါတီကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တာပါ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာတဲ့ လူမှုဘဝကို လိုချင်မက်မောကြပါတယ်။ အခုအချိန်ဟာ အင်မတန်အရေးကြီးပါတယ်။ လုပ်ဆောင်စရာတွေလည်း အများကြီးရှိနေပါတယ်။ တိုင်းပြည်အေးချမ်းသာယာဖို့အတွက် အားလုံးလက်တွဲညီညီနဲ့ လက်တွဲလုပ်ဆောင်သွားဖို့လည်း လိုပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပြည်သူ့ လက်ထဲမှာရှိသလို ပေါ်ထွန်းလာမယ့်အစိုးရသစ်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာလည်း မူတည်နေပါတယ်။

ဒေါ်နွယ်နီမျိုးလှိုင် - (မဲရုံမှူး)၊ မဲရုံအမှတ် (၁) ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက် မဲရုံ (၁) မှာ မဲပေးသူ ၂၂၉၆ ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်အတွက် ၇၄ ဦး၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၉၄ ဦးရှိပါတယ်။ ကြိုတင်မဲအနေနဲ့မဲဆန္ဒရှင် ၇၀ က ပေးထားပါတယ်။ အများပြည်သူမဲပေးရာမှာ အဆင်ပြေချောမွေ့အောင်၊ မဲစာရင်းကြည့်တာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားပြီး စက်ကိုလည်း အကြိမ်ကြိမ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့မဲရုံဖွင့်တဲ့နေ့ မနက် ၅ နာရီမှာ ကိုယ်စားလှယ်‌လောင်းတွေရောက်ရှိချိန်မှာ စက်ခလုတ်တွေ ကောင်းမွန်ပြီး စက်မှာ Zero Setting ဖြစ်ကြောင်း ပြသခဲ့ပါတယ်။ မနက် ၆ နာရီမှာ မဲပေးတဲ့ပြည်သူတွေ ရောက်ရှိမဲပေးခဲ့ပြီး ညနေ ၄ နာရီ မဲရုံပိတ်ပေမယ့် မဲရုံပရိဝုဏ်အတွင်းမှာရှိတဲ့ မဲပေးသူအားလုံး စနစ်တကျမဲပေးနိုင်အောင် စီမံဆောင်ရွက်ပေးထားပါတယ်။

ဦးဒါဝတ် (တာမွေမြို့နယ်)

တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေ ကောင်းမွန်လာဖို့လိုပါတယ်။ အဓိကနိုင်ငံသားအခွင့်အ‌ရေးတန်းတူညီမျှဖြစ်စေလိုပါတယ်။ အခုအခါမှာ အဓိကရင်ဆိုင် နေရတာက စီးပွားရေးကဏ္ဍဖြစ်တဲ့အတွက် ကုန်သွယ်ရေးပွင့်လန်းအောင် ဆောင်ရွက်ပေးနိုင်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ပေါ်ထွန်းလာမယ်လို့လည်း ယုံကြည်ပါတယ်။ နိုင်ငံဖွံ့ဖြိုးဖို့ဆိုရင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားဖို့လိုပါတယ်။ နိုင်ငံကောင်းမွန်အောင် ဆောင်ရွက်မယ့် ပြုပြင်ပြောင်းလဲရေးပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူအကျိုးကို ကြည့်တဲ့အစိုးရသစ်တစ်ရပ်ကို အားပါးတရကြိုဆိုနေပါတယ်။

အင်တာဗျူး- ငြိမ်းသူ၊ ကျော်ကြီး

ဓာတ်ပုံ-ကနူး၊ ကျော်ကြီး

Newspaper - 3422 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download