ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်းကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြင့်လာစေရေးညှိနှိုင်းဆွေးနွေး
ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်းကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများ တိုးမြင့်လာစေရေးညှိနှိုင်းဆွေးနွေး
Ministry of Information/ Naypyitaw / January 10, 2026
နေပြည်တော် ဇန်နဝါရီ ၉
ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများတိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာ ရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် လက်ရှိအချိန်၌ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှ အလယ်တန်းပြ ဆရာ၊ ဆရာမလောင်းများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ယာယီသမ္မတက ပညာရေးဒီဂရီကောလိပ် သင်တန်းပြီးမြောက်အောင်မြင်လာသော အလယ်တန်းပြဆရာ၊ ဆရာမလောင်းများနှင့် နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်လျက်ရှိကြသော အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ပညာသင်ယူမှုအခွင့်အလမ်းကို ဆက်လက်၍ လမ်းဖွင့်ပေးလိုပါကြောင်း၊ ထို့ကြောင့် ပညာရေးဒီဂရီ ကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ကာ သတ်မှတ်အရည်အချင်းကိုက်ညီသူများ ဆရာအတတ်သင်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီး ပညာရေးဘွဲ့ရရှိကာ အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်လျက် မဟာတန်း၊ ပါရဂူတန်းအထိ ဆက်လက်တက်ရောက်နိုင်ရေးအတွက် ပညာသင်ယူ မှု အခွင့်အလမ်းများ လမ်းဖွင့်ပေးရန် လမ်းညွှန်မှုပြုထားပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် အခြေခံပညာကျောင်းများရှိ မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမများ၏ ပညာအရည်အချင်း၊ ရာထူးနှင့်လစာများ တိုးမြင့်လာကာ လူမှုဘဝမြင့်မားလာစေမည့် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အခွင့်အလမ်းကောင်းများကို လက်ဆုပ်လက်ကိုင်ရယူပြီး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ မိမိတာဝန်ကို ကျေပွန်စွာ ကြိုးစားအားထုတ်ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း၊ ဤသို့ဖြင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် အထက်တန်းပြဆရာ၊ ဆရာမများ လိုအပ်ချက်ကိုပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မည်လည်း ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်၊ ဆရာ၊ ဆရာမ လိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ်များနှင့်ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည့် အဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်၊ ဘဏ္ဍာငွေဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် အပ်နှင်းမည့်ဘွဲ့တို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ အခြေခံပညာ အလယ်တန်းအဆင့် (Grade-6,7,8,9 ) အတန်းများတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိစေရေး အတွက် တစ်ပတ်လျှင် ၂ ချိန် သင်ကြားပို့ချပေးရန်အတွက် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်သဖြင့် ကျောင်းသားလူငယ်များအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆိုင်ရာ အခြေခံဗဟုသုတများရရှိလာပြီး အထက်တန်းအဆင့် တက်လှမ်းပါက စက်မှု၊ စိုက်ပျိုးမွေးမြူရေးကျောင်းများသို့လည်းကောင်း၊ ပုံမှန်ဘာသာရပ်သင် အထက်တန်းကျောင်းများသို့လည်းကောင်း မိမိဝါသနာအလျောက် ရွေးချယ်တတ်ရောက်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များအနေဖြင့်လည်း အလယ်တန်းအဆင့် သင်တန်းများဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အသေးစိတ် ဆက်လက်ညှိနှိုင်းဆွေးနွေးကာ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
ယင်းနောက် ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများက ထောက်ခံလျက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3407 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
