ပညာရေးလောကကို အကြမ်းဖက် အဖျက်ရန်မှ ကာကွယ်
ပညာရေးလောကကို အကြမ်းဖက် အဖျက်ရန်မှ ကာကွယ်
Ministry of Information/ Naypyitaw / June 08, 2025

ကျောင်းသား ကျောင်းသူများအားလုံး ကျောင်းမတက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းမနေရေး၊ ဆရာ ဆရာမများအားလုံး စာမသင်ဘဲ နိုင်ငံနှင့်တာဝန်အပေါ် သစ္စာမဲ့ရေး၊ ကျောင်းများအားလုံး မဖွင့်ရေးတို့မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော NUG နှင့် ၎င်း၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များ၊ လက်အောက်မခံသော အခြားအကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လမ်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကလေးများကို ကျောင်းမလွှတ်ရန်နှင့် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြော ဆိုထားသည့်ဗီဒီယိုဖိုင် စတင်ပျံ့နှံ့ခဲ့သည့် စာသင်နှစ်တွင် မြို့ကြီးပြကြီးများ၌ပင် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ကျောင်းအပ်နှံမှုများ လျော့နည်းကျဆင်းခဲ့သည်။
ကျောင်းများပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လုံခြုံရေးကောင်းမွန်သောဒေသများတွင် ကျောင်းများပုံမှန်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းနေအရွယ်ကလေးများလည်း ၎င်းတို့၏ဘဝအနာဂတ်အတွက် မဖြစ်မနေ ဖြည့်ဆည်းရန်လိုအပ်သောပညာကို ပျော်ရွှင်အေးချမ်းစွာ သင်ယူနိုင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းနှစ်များအတွင်း လုံခြုံရေးအခြေအနေအရ ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဒေသများ ဖြစ်ပေါ်လာခဲ့ရာ ကျောင်းနေရမည့်အရွယ်သို့ရောက်ရှိလာပြီး ကျောင်းနေခွင့်မရသည့် ကလေးများ၊ စာမသင်ရသည့် ကလေးများရှိနေကြောင်း၊ အသက် ၁၀ နှစ်အရွယ်အထိ ရောက်ရှိလာပြီး မိမိရင်သွေးစာတစ်လုံးမှ မတတ်သေးကြောင်း မိခင်တစ်ဦး၏ ရင်ဖွင့်မှုကိုလည်း လူမှုကွန်ရက်တွင် စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရသည်။
ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အစတွင်ပင် PDF အမည်ခံ အကြမ်းဖက်သမားတို့က ဆရာမနှစ်ဦးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦးတို့ကို ၎င်းတို့၏ အကြမ်းဖက်လမ်းစဉ်ဖြစ်သည့် ကျောင်းမဖွင့်ရေး၊ စာမသင်ရေး၊ ကျောင်းမနေရေးတို့အပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိဟုဆိုကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်နှစ်ခုစလုံးမှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမ ဖြစ်စဉ်မှာ ဇွန် ၁ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်သန်းညွန့်(၆၁ နှစ်)နှင့် ၎င်း၏ခင်ပွန်း ဦးသောင်းခင် (၅၉ နှစ်)တို့အား PDF အကြမ်းဖက်သမားများက နေအိမ်မှလာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး လူမဆန်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဖြစ်စဉ်မှာ ဇွန် ၆ ရက်တွင် နတ်မောက်မြို့နယ် ကူနီကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီထွေး(၄၆နှစ်) ကို ကျောင်းဆင်းချိန် ကျောင်းဝင်းအတွင်းရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာကာ သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ခုတ်၍ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဆရာ ဆရာမများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းတို့က ပညာရေးလောကကို အမှောင်ကျစေပြီး ဒေသတွင်းရှိ ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူနိုင်ခွင့်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ကလေးများ၏ အနာဂတ်ကို နိမ့်ကျအောင်၊ လူလုံးမလှအောင် ရိုင်းစိုင်းစွာ ကျူးလွန်လိုက်ခြင်းလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ PDF များ၏ အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ပညာရေးဝန်ထမ်း ၈၀ အထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၃၅ ဦး ရှိနေပြီဖြစ်သည်။
လူတိုင်းပညာသင်ယူနိုင်ခွင့်သည် အခြေခံလူ့အခွင့်အရေးပင်ဖြစ်ပြီး လူတစ်ဦး၏ဘဝအတွက် မဖြစ်မနေ ပညာသင်ယူရမည်ဖြစ်ရာ စာသင်ကျောင်းများနှင့် ဆရာဆရာမများ၏ လုံခြုံရေး၊ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ယူခွင့် ရရှိရေးတို့အတွက် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်နှောင့်ယှက်မှုများ ကင်းဝေးစေရန် တာဝန်ရှိသူများနှင့်အတူ လူတိုင်းပါဝင်၍ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
Newspaper - 3187 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download