ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်
Ministry of Information/ Naypyitaw / August 17, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂ဝ၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
ဤသည်မှာရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်များ၊ မဲရုံနှင့်ရွေးကောက်ပွဲကော်မရှင်တို့တွင် တာဝန်ထမ်းဆောင်ကြသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ၊ မဲရုံအဆောက်အအုံ၊ ရွေးကောက်ပွဲကော်မရှင်ရုံးအဆောက်အအုံများ စသည်တို့ကို ဥပဒေဖြင့် အကာအကွယ်ပေးထားခြင်းဖြစ်သည်။ ဤဥပဒေအရ ရွေးကောက်ပွဲကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ဒေသမျှပင်ဖြစ်စေ ပျက်ပြားစေရန်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုမူပြောဆိုမှုများကိုမပြုကြရန် တားမြစ်ထားသည်။ ဥပဒေပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ကျူးလွန်သည့်ပြစ်မှုများအလိုက် ကျခံရမည့်ပြစ်ဒဏ်များမှာ ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှသည် နှစ်ရှည်ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့် အကြီးလေးဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို သတိပြုကြရန်လိုသည်။
ပါလီမန်ဒီမိုကရေစီခေတ်က ရွေးကောက်ပွဲများတွင် မဲပုံးခိုးယူမှု၊ ဖျက်ဆီးမှုများ၊ လေးလောင်းပြိုင်လူသတ်မှုအပါအဝင် လူသတ်မှုများစသည်ဖြင့် ရွေးကောက်ပွဲကိုအကြောင်းပြု၍ အကျည်းတန်သော ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သလို ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီအနေဖြင့် ဥပဒေကိုကျော်လွန်လုပ်ဆောင်ခဲ့မှုများ၊ ဥပဒေမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့သည့်သာဓကများရှိနေရာ ၎င်းဖြစ်ရပ်များမှာ သင်ခန်းစာများပင်ဖြစ်သည်။ နိုင်ငံအတွက် လွန်စွာအရေးကြီးသော ရွေးကောက်ပွဲသည် ခြိမ်းခြောက်မှု၊ ဟန့်တားနှောင့်ယှက်မှုနှင့် အမျိုးမျိုးသောဖိအားပေးမှု စသည့်ပယောဂများ လွတ်ကင်းမှသာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြည်သူတို့၏ စစ်မှန်သောဆန္ဒမဲကို ရရှိနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှစကာ ရွေးကောက်ပွဲကာလသို့ရောက်ရှိပြီး နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆန္ဒနယ်အသီးသီးတွင် မဲဆွယ်စည်းရုံးမှုများဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်များက ဆန္ဒမဲပေးခြင်းစသည်တို့ သတ်မှတ်နေ့ရက်များအလိုက် ဆောင်ရွက်ကြရာတွင် ရွေးကောက်ပွဲများကို ကာကွယ်ပေးရေးဥပဒေအရ ဖွဲ့စည်းထားသည့်လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်တို့က ရွေးကောက်ပွဲကာလတစ်လျှောက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်သည့် ပါတီစုံနိုင်ငံနှင့် ပြည်သူအတွက် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် အရေးကြီးသည့်ရွေးကောက်ပွဲဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမည်ကို မလိုလားသော အဖျက်အမှောင့်အုပ်စုများကလည်း ရွေးကောက်ပွဲပျက်စီးရာပျက်စီးကြောင်း သွေးထိုးလှုံ့ဆော်မှုများ၊ မမှန်မကန်ဝါဒဖြန့်မှုများ၊ သွားပုပ်လေလွင့်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိရာ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကြီးတစ်ခုလုံး လုံခြုံစွာဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ လုံခြုံရေးတို့အတွက် အဟန့်အတား၊ အနှောင့်အယှက်ဟူသမျှကို ဥပဒေနှင့်အညီ ထိရောက်ဟန့်တားဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3257 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download