ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ 


Ministry of Home Affairs/ နေပြည်တော် / December 10, 2025


    ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
     ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၀)ရပ်ကွက်နေ ကျော်မင်းဦး(၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Min Oo” Facebook အကောင့်ဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား အများပြည်သူ အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာ၌ Live လွှင့်ပြောကြားခဲ့သဖြင့် ဖော်ထုတ် ဖမ်းဆီးပြီး ကျော်မင်းဦး အား ဒီဇင်ဘာ ၂ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၄၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
     အလားတူ ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အစုကြီး ကျေးရွာဘုရားလမ်းထိပ်၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား အဆိုပါကျေးရွာနေ သန်းကြိုင်စိုး(ခ)ကိုပု(၃၉)နှစ်မှ ဖျက်ဆီးခဲ့သဖြင့် သန်းကြိုင်စိုး(ခ)ကိုပု အား ဒီဇင်ဘာ ၅ ရက်တွင် တက်သစ်နယ်မြေရဲစခန်း (ပ)၈၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။
     ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်၊ သုဓမ္မလမ်းမကြီးနှင့် ဥဇ္ဇနာလမ်းထောင့်၌ တစ်သီးပုဂ္ဂလပါတီ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရသဖြင့် ဖျက်ဆီးသွားသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါရပ်ကွက်နေ အောင်မျိုးဇော်(ခ)မျောက်ကြီး (၃၅)နှစ်ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဒီဇင်ဘာ ၅ ရက်တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်း (ပ)၄၄၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
     ထို့အတူ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြိုင်(၅၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဝင် သုံးဦးမှ ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်တားမြစ်ခဲ့သဖြင့် ၎င်းသောင်းကျန်းသူ သုံးဦး(စိစစ်ဆဲ)အား ဒီဇင်ဘာ ၁ ရက်တွင် ရွှေကူမြို့မရဲစခန်း (ပ)၁၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား “Thandar Oo” Facebook အကောင့်မှ ပြန်လည်မျှဝေလွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ ဒေါ်သန္တာဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား နိုဝင်ဘာ ၃၀ ရက်တွင် တာမွေမြို့မရဲစခန်း (ပ)၃၆၂/၂၀၂၅၊  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ကံသာရပ်ကွက်၊ တိန်နန်း တံတားအနီး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာ  ၃ ရက်တွင် ညောင်ရွှေမြို့မရဲစခန်း (ပ)၁၁၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ အောင်ပင်သာ ကျေးရွာ၊ ပေါင်းတည်-တာပွန်သွားကားလမ်းဘေး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ ရသဖြင့် ကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါကျေးရွာနေ မင်းဇော်သိန်း(၄၂)နှစ် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား တာပွန်နယ်မြေရဲစခန်း (ပ)၈၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ခုနှစ်မိုင်ကျေးရွာနေ ရပ်ကွက်/ကျေးရွာအုပ်စုစာရေး ဒေါ်မိုးမိုးအောင်(ခ)မမိုး(၆၁)နှစ်သည် နေအိမ်၌ ရှိနေစဉ် သေနတ်ကိုင်ဆောင်ထားသူ အမျိုးသား လေးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး မဲစာရင်း စာရွက်ထုပ်အား ခြိမ်းခြောက်တောင်းယူ၍ ဖမ်းဆီးခေါ်ဆောင်သွားကာ တောတွင်းအရောက်၌ မဲစာရင်းများအား မီးရှို့ဖျက်ဆီးပြီး ၎င်းအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါအမျိုးသား လေးဦး(စိစစ်ဆဲ)အား ဒီဇင်ဘာ ၇ ရက်တွင် ဟိုပင်နယ်မြေရဲစခန်း (ပ)၄၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသားစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၇၁ လမ်းထောင့်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထား ရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာ ၃၀ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၁၉၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။
    ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာ ရွာလယ်လမ်းဆုံ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာ ၁ ရက်တွင် ပြင်စလူနယ်မြေရဲစခန်း (ပ)၅၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် လည်းကောင်း။
     ထို့အတူ နိုဝင်ဘာ ၃၀ ရက်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ တခွက်ဖိုးကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းအနီး ဘားအံ-မြိုင်ကြီးငူသွားကားလမ်းဘေး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီး ခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာ ၂ ရက်တွင် ရွှေဂွန်းနယ်မြေရဲစခန်း (ပ)၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် လည်းကောင်း။
     ထို့အတူ ဒီဇင်ဘာ ၂ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသား များအား “ထိန်လင်း” Facebook အကောင့်မှ ပြန်လည်မျှဝေလွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ ထိန်လင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဒီဇင်ဘာ ၂ ရက်တွင် ဗိုလ်တထောင် မြို့မရဲစခန်း (ပ)၆၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
    ထို့အတူ ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၌ ဆန့်ကျင်စာများ ကြဲချခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တေဇာဆန်း၊ ခန့်ဝေဖြိုး၊ နန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီ၊ မရွှန်း(ခ)ရွှန်းရွှန်းနှင့် အမျိုးသား လေးဦး(စိစစ်ဆဲ)တို့သည် ၂၉ လမ်းအတိုင်း ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်အရောက်၌ ၈၄ လမ်းနှင့် ၈၅ လမ်းကြားအတွင်း လမ်းလျှောက်သွားကာ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် အော်ဟစ်ကာ ရွေးကောက်ပွဲအား ဆန့်ကျင်ရေးသားထားသည့် စာရွက်များအား ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တေဇာဆန်းပါ ၁၀ ဦးတို့အား ဒီဇင်ဘာ ၃ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆) နယ်မြေရဲစခန်း (ပ)၇၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃ (ခ) ဖြင့် လည်းကောင်း။
     ထို့အတူ ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၉ လမ်းထောင့်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား ဒီဇင်ဘာ ၇ ရက်တွင် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၁၀၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။
     ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသဖြင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား ဒီဇင်ဘာ ၅ ရက်တွင် ဟဲဟိုးနယ်မြေရဲစခန်း (ပ)၆၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper - 3377 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download