ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်ရေး အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆန္ဒမဲပေး
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်ရေး အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆန္ဒမဲပေး
Ministry of Information/ Naypyitaw / January 07, 2026
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရန်မှာ လေးရက်မျှသာ ကျန်ရှိတော့သည်ဖြစ်ရာ ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် မြို့နယ်ပေါင်း ၁၀၀ တို့တွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများမှာ အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်လျက်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ၏ ထက်ဝက်ကျော်တို့က ဆန္ဒမဲပေးခဲ့ကြရာ အောင်မြင်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ နိုင်ငံရေးအသိနိုးကြားစွာဖြင့် ရွေးကောက်ပွဲများအပေါ် ပြည်သူများ စိတ်ဝင်တစားရှိခြင်း၊ တက်တက်ကြွကြွ ဆန္ဒမဲပေးခြင်းတို့က ရှေ့ဆက်ကြရမည့်ဒီမိုကရေစီခရီးအတွက် အရေးကြီးသည်။
အထူးသဖြင့် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲမှာ ပုံမှန်အားဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပနေသည့် ရွေးကောက်ပွဲများနှင့်မတူဘဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရန် ဆန္ဒပြုကြရသည့် ရွေးကောက်ပွဲဟုဆိုနိုင်သည်။ နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အရေးပေါ်အခြေအနေ၊ ယာယီအခြေအနေများ အဆုံးသတ်၍ ပြည်သူများက ဆန္ဒမဲပေးရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်၏ ဦးဆောင်အကောင် အထည်ဖော်မှုဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို မျှော်မှန်းကာ ဆန္ဒမဲပေးကြခြင်းလည်းဖြစ်သည်။ သို့ဖြစ်သည့်အလျောက် အဖျက်အမှောင့်၊ အနှောင့်အယှက်များစွာဖြင့် ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီးကြောင်း လုပ်ရပ်များကြားမှပင် ဒီမိုကရေစီ စနစ်ရှင်သန်ရေးအတွက် ပြည်သူလူထုက မဲပေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်မှာ ရွေးကောက်ပွဲ အပိုင်း(၁)သာလျှင်ဖြစ်ပြီး မကြာမီကျင်းပတော့မည့် အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကိုလည်း အနှောင့်အယှက်ကင်းကင်း၊ ဘေးရန်ရှင်းရှင်းနှင့် အောင်မြင်စွာကျင်းပပြီးစီးနိုင် ရန်လိုသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲ မအောင်မမြင်ဖြစ်ရေးအတွက် အဖျက်နည်း၊ အမှောင့်နည်းများဖြင့် တိုက်ခိုက်မှုဟူသမျှတို့ကို သတိပြုရှောင်ရှားနိုင်ကြရန်လိုသည်။ ရွေးကောက်ပွဲကို မဟုတ်မမှန်ပြောကြားမှုများ၊ ရွေးကောက်ပွဲပျက်စီးရေးကြိုးပမ်း မှုများမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ကို ကြောက်ရွံ့ကြသူ အဖျက်သမားတို့၏ ကောက်ကျစ်သည့် လုပ်ရပ်များပင်ဖြစ်သည်ကို သဘောပေါက်ကြရန်လိုသည်။ ပြည်သူလူထုက ဆန္ဒမဲပေးရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရနှင့်လွှတ်တော်တို့ ပေါ်ပေါက်လာခြင်းက အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းနေကြသည့် အဖွဲ့များအဖို့ အကြောင်းပြချက်ပေးရန်၊ ရပ်တည်ရန် ခဲယဉ်းသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို မလိုလားဘဲ ဖျက်ဆီးကြမည်သာဖြစ်သည်။
မလိုသူတို့ မည်သို့ပင်ဆိုကြစေကာမူ ယခုကျင်းပနေသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ကို ရွေးကောက်ပွဲ အပိုင်း(၁)တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာစောင့်ကြည့် ခဲ့ကြသည့် ရာနှင့်ချီသော နိုင်ငံတကာသံတမန်များနှင့် ပြည်တွင်း ပြည်ပလေ့လာစောင့်ကြည့်ကြသူများ၊ ထောင်နှင့်ချီသော ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများက အသိအမှတ်ပြု ခဲ့ကြပြီးဖြစ်သည်။ ရွေးကောက်ပွဲနှင့်ဒီမိုကရေစီကို ယုံကြည်စွာဖြင့် တက်တက်ကြွကြွ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူ လူထု၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုအပေါ် နိုင်ငံတော်အကြီးအကဲက အသိအမှတ်ပြု၍ ကျေးဇူးတင်ကြောင်းလည်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ၏ ကျန်ရှိနေသည့် အပိုင်းနှစ်ပိုင်းမှာ ယခုလမကုန်မီ ကျင်းပသွားမည်ဖြစ်ရာ ကျန်ရှိသည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများက တစ်ခဲနက်တက်ကြွစွာဖြင့် ဒီမိုကရေစီကို လိုလားကြောင်း ပြသကြရန်လိုသည်။ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို အပြည့်အဝအသုံးချ၍ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် မဲပေးကာအနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်ကြပါစေကြောင်း။ ။
Newspaper - 3404 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
