ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်သည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်သည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / January 25, 2026
နေပြည်တော် ဇန်နဝါရီ ၂၄
ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှကိုယ်စားလှယ်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု တစ်ဝန်းလုံးတွင် ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့် ပါတီ ၅၁ ပါတီစုစုပေါင်း ၅၇ ပါတီရှိကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ကျန်ရှိသည့်မြို့နယ်များကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းများကို ရက်ပေါင်း ၆၀ သတ်မှတ်၍ တန်းတူညီမျှ ခွင့်ပြုပေးခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည့်အတွက် ပဋိပက္ခများ၊ အငြင်းပွားမှုများကြီးကြီး မားမားမရှိဘဲတည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ရွေးကောက်ပွဲစနစ်အနေဖြင့် ပြည်သူ့လွှတ်တော်တွင် FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional System - MMP) တို့ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များဖြင့် မဲရုံများတွင် မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာနှင့် ပွင့်လင်းမြင်သာစွာမဲပေးခဲ့ကြပြီး ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများကို မဲဆန္ဒရှင်များ လာရောက်ကြည့်ရှု၍ ဥပဒေနှင့်အညီ ပြင်ဆင် ဖြည့်စွက်ခြင်းများကို ဆောင်ရွက်နိုင်ရန် သုံးကြိမ်တိုင်ကပ်ထားကြေညာဆောင်ရွက်ပေးခဲ့မှု၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍လည်းကောင်း၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကိုဖိတ်ခေါ်၍လည်းကောင်း ဆောင်ရွက်ခဲ့မှု၊ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပွင့်လင်းမြင်သာစွာ စနစ်တကျဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲအပိုင်းလိုက်တွင် မဲဆန္ဒရှင်များ လာရောက်မဲပေးခဲ့မှုအခြေအနေ၊ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများမှ သတင်းမီဒီယာများ လာရောက်စောင့်ကြည့် လေ့လာသတင်းရယူခဲ့မှုအခြေအနေ၊ ရွေးကောက်ပွဲအပိုင်းလိုက်အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများနှင့် ရလဒ်စာရင်းများအား ထုတ်ပြန်ကြေညာပေးခဲ့မှုအခြေအနေ၊ ရွေးကောက်ပွဲအပိုင်းလိုက် ပိုမိုပြည့်စုံကောင်းမွန်စေရန်နှင့် စနစ်တကျဖြစ်စေရန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံကို လက်တွေ့ရှင်းလင်းပြသကြပြီး နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက မဲပေးစက်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြား၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်များရှိ မဲရုံများကိုလည်းကောင်း၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် ရန်ကင်း မြို့နယ်များရှိ မဲရုံများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ကြိုတင်ဆန္ဒမဲများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်၊ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိရန်၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် မှာကြားသည်။
ညနေပိုင်းတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အမျိုးသားပြတိုက်နှင့် ဗိုလ်ချုပ်ဈေးတို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
