ပိတ်ရက်ရှည်ကာလ ခရီးသွားပြည်သူများ မီးရထားဖြင့် အေးချမ်းပျော်ရွှင်စွာခရီးသွား


Ministry of Information/ Naypyitaw / February 14, 2026
image_latest


 

ပြည်ထောင်စုနေ့မှ တရုတ်နှစ်သစ်ကူးပိတ်ရက်ရှည်ကာလဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ရုံးပိတ်ရက်ခြောက်ရက်တာကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် အပန်းဖြေခရီးစဉ်၊ လေ့လာရေးခရီးစဉ်နှင့် အလည်အပတ်ခရီးစဉ်များဖြင့် ခရီးသွားလာကြလျက်ရှိရာ ပိတ်ရက်စတင်သော ပြည်ထောင်စုနေ့မှစ၍ ရန်ကုန်မြို့ရှိ လေဆိပ်၊ ရထားဘူတာနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းတို့၌ ယာဉ်များ၊ ခရီးသွားပြည်သူများဖြင့် အသက်ဝင်လျက်ရှိသည်။

အထူးသဖြင့် ခရီးသွားအများစုသည် သွားလာစရိတ်သက်သာသော မြန်မာ့မီးရထားခရီးစဉ်ကို နှစ်သက်ကြလေ့ရှိသည်။ ယခုလို ပိတ်ရက်ရှည်ခရီးသွားကာလ၏ ပိတ်ရက်ပထမဆုံးနေ့ဖြစ်သည့် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့မှ ခရီးသွားပြည်သူများ မီးရထားဖြင့် အေးချမ်းပျော်ရွှင်စွာ ခရီးသွားလာခဲ့ကြရာ ရန်ကုန်ဘူတာကြီးအတွင်း ခရီးသွားပြည်သူတို့ဖြင့်စည်ကားခဲ့ပြီး ခရီးသွားပြည်သူတို့ကို အစဉ်ဝန်ဆောင်မှုကောင်းများပေးနေသည့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ခရီးသွားပြည်သူအချို့၏စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးယဉ်မင်းဦး

(မြန်မာ့မီးရထားတိုင်း - ၇၊ တိုင်းမန်နေဂျာ)

မြန်မာ့မီးရထားအနေနဲ့ ခရီးသွားပိတ်ရက်ရှည်ကာလဆိုရင် အထူးရထားပြေးဆွဲပေးပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၇ ရက်အထိ ပိတ်ရက်ကာလမှာလည်း အများပြည်သူနဲ့ရုံးဝန်ထမ်းတွေ သွားလာရေးအဆင်ပြေချောမွေ့အောင် အထူးရထားတွေပြေးဆွဲပေးနေပါတယ်။ ၁၂ ရက် နေ့ကစပြီး ရန်ကုန်-နေပြည်တော် အစုန်/အဆန် အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားနဲ့ ရန်ကုန်-ပြည် အဆန်အထူးရထားပြေးဆွဲပြီး ၁၇ ရက်နေ့မှာ ရန်ကုန်-နေပြည်တော်-ရန်ကုန် အစုန်/အဆန် အထူး ရထား၊ မော်လမြိုင်-ရန်ကုန်နဲ့ ပြည်-ရန်ကုန် အစုန်အထူးရထားတွေ ပြေးဆွဲမှာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး၊ မန္တလေး-နေပြည်တော်-မန္တလေးလမ်းပိုင်းတွေကိုလည်း အွန်လိုင်းစနစ်နဲ့ ရောင်းချပေးနေပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကို အွန်လိုင်းကနေ ရောင်းချပေးနေပါတယ်။ ခရီးစဉ်အစ၊ အဆုံးကို တစ်ပတ်ကြိုတင်ဝယ်ယူနိုင်ပြီး လမ်းဘူတာအတွက် သုံးရက်ကြိုတင်ဝယ်ယူနိုင်ပါတယ်။ ခရီးသွားများတဲ့ မော်လမြိုင်လိုင်းကိုလည်း လေအိတ်အထူးရထား ပြေးဆွဲပေးနေပါတယ်။ ဒီနေ့ဆိုရင် ခရီးသွားအပြည့်ပါပဲ။ ပြည်ရထားလည်း အတူတူပါပဲ။ မြန်မာ့မီးရထားအနေနဲ့ များများနဲ့ မြန်မြန် သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ခရီးသွားများ လိုရာကိုရောက်ရှိဖို့ ဝန်ဆောင်မှုပေးနေပါတယ်။ ယခုလို ပိတ်ရက်ရှည်မှာ အများပြည်သူနဲ့ ဝန်းထမ်းများအဆင်ပြေအောင် ပုံမှန်ရထားအပြင် အထူးရထားတွေပြေးဆွဲပေးနေတာဖြစ်တဲ့အတွက် ခရီးသည်နဲ့ကုန်စည်များ စိတ်ချမ်းမြေ့စွာ ပို့ဆောင်ပေးနိုင်မှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးမောင်မောင်နိုင်

(မော်လမြိုင်အထူးရထား၊ စက်ခေါင်းမောင်း - ၂)

ခရီးသွားပိတ်ရက် ပထမဆုံးနေ့ဖြစ်တဲ့ ပြည်ထောင်စုနေ့မှာ ရထားစီးပြည်သူအပေါင်းကို ဝန်ဆောင်မှုပေးခွင့်ရတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီနေ့မှာ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုတွေ စည်းလုံးခြင်းဆိုတဲ့ရထားကြီးနဲ့တင်ဆောင်ပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်ဆီကို ပို့ဆောင်ပေးရသလို ရင်ထဲမှာလည်းခံစားရပါတယ်။ ပြီးတော့ အများပြည်သူလွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်အောင် အထူးရထားပြေးဆွဲပေးတဲ့အပေါ် ခရီးသွားပြည်သူတွေ အားရကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် လုပ်သက် ၃၁ နှစ်ရှိပါပြီ။ ဒီနေ့ မနက် ၉ နာရီ ၁၅ မှာ မော်လမြိုင်ကိုထွက်ခွာပြီး ဖေဖော်ဝါရီ ၁၇ ရက် နေ့မှာ မော်လမြိုင်ကနေ ရန်ကုန်ဘူတာကြီးကို ပြန်လည်ထွက်ခွာလာမှာပါ။ ခရီးသွားပြည်သူအပေါင်း ကျန်းမာပျော်ရွှင်ပါစေ။

မသွန်းနဒီစံ

(တက္ကသိုလ်ကျောင်းသူ)

ကျွန်မကပြည်ကို သွားမှာပါ။ အခုလိုပြည်ထောင်စုနေ့မှာ မှတ်မှတ်ရရ ခရီးသွားရတာဖြစ်တဲ့အတွက် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ မိသားစုလိုက် ဘုရားသွားဖူးတာပါ။ ရထားတွဲတွေကို တွေ့မြင်ရတာ သန့်ရှင်းသပ်ရပ် နေတဲ့အတွက် ခရီးသွားရတဲ့အပေါ် စိတ်ကျေနပ်မှုကို အပြည့်အဝခံစားရပါတယ်။ ယခုထက်ပိုပြီး ရထားတွဲဆိုင်းတွေ၊ ထိုင်ခုံတွေ၊ အခြား ဝန်ဆောင်မှုတွေနဲ့ ဖိတ်ခေါ်နေမယ်ဆိုရင် ပြည်တွင်း/ပြည်ပ ခရီးသွားတွေပိတ်ရက်မဟုတ်တဲ့ ကြားကာလမှာလည်း မီးရထားနဲ့ခရီးသွားကြမှာအမှန်ပါ။ ခရီးသွားကဏ္ဍတိုးတက်ဖို့ဆိုရင် ပြည်သူနဲ့ဝန်ထမ်းလက်တွဲညီဖို့လည်းလိုပါတယ်။ ကျွန်မအမြင်ပြောရရင် မီးရထားကဏ္ဍ အများပြည်သူထဲထဲဝင်ဝင်သိရှိလာအောင် မြန်မာ့မီးရထားရဲ့ ခေတ်မီတိုးတက်လာမှုကို ချပြဖို့လည်းလိုပါတယ်။ ဒါမှသာ ရထားစီးလိုစိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဘာတွေစောင့်ထိန်း လိုက်နာရမလဲဆိုတဲ့ စိတ်ထားတွေရင်ထဲပေါ်ပေါက်လာစေမှာပါ။ ဒီခရီးစဉ်မှာ လေအိတ်ရထားကြီး စီးရမယ်ဆိုတဲ့ အသိစိတ်က ခရီးသွားရတယ်ဆိုတဲ့ စိတ်နဲ့ထပ်တူပြုမိတဲ့အပေါ် ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။

ဒေါ်ကြည်ကြည်သန်း (ခရီးသွားပြည်သူ)

ကျွန်မက မော်လမြိုင်ကိုသွားတာပါ။ ခရီးသွားရင် အမြဲတမ်းရထားနဲ့သွားတာကြာပါပြီ။ ဘာကြောင့်လဲဆိုတော့ မော်တော်ကားထက် စိတ်လွတ်လပ်အေးချမ်းလို့ပါ။ မြန်မာ့မီးရထားရဲ့ အမာခံခရီးသွားတွေဆိုရင် မော်လမြိုင်နဲ့ ပြည်ရထားလိုင်းက ခရီးသွားတွေလို့ဆိုရင်မမှားပါဘူး။ ဒီရထားလိုင်းတွေပြေးဆွဲခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်လို့ ယနေ့တိုင် စီးနင်းနေတဲ့အတွက် မြန်မာ့မီးရထားမှာ အမာခံခရီးသွားလို့ပြောရတာပါ။ ဒီလိုင်းနှစ်လိုင်းက ခရီးသွားတွေနဲ့ မြန်မာ့မီးရထားနဲ့ ဘယ်လိုသံယောဇဉ်ကြီးကြတယ်ဆိုတာ မြန်မာ့မီးရထားကသိပါတယ်။

အခုကျင့်သုံးနေတဲ့ အွန်လိုင်းနဲ့လက်မှတ်ဝယ်တဲ့စနစ်မှာ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးခရီးစဉ်တွေပဲပါသေးတယ်။ မော်လမြိုင်မြို့နဲ့ ပြည်ခရီးစဉ်မပါသေးတဲ့အတွက် ရန်ကုန်ဘူတာကြီး လက်မှတ်ရုံမှာ မနေ့ကမနက်‌ ၅ နာရီ တန်းစီပြီး လက်မှတ်ဝယ်ရပါတယ်။ အွန်လိုင်းကရောင်းပေးရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ လက်မှတ်တန်းစီပြီး ဝယ်လိုသူကလည်း လက်မှတ်ဝယ်နိုင်သလို အွန်လိုင်းကလည်းဝယ်နိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်။ အွန်လိုင်းက ဝယ်မယ်ဆိုရင် အင်တာနက်လိုင်းကောင်းဖို့လိုသလို သူတို့ပေးတဲ့ QR ကုဒ်ထဲကိုတစ်ပြိုင်တည်းခရီးသွားပြည်သူတွေ လက်မှတ်ဝယ်နေတာဖြစ်တဲ့အတွက် ဝင်မရ၊ ဝယ်မရတာတွေလည်း ကြုံရနိုင်ပါတယ်။ ဒါကြောင့် အချိန်မရွေးအွန်လိုင်းက အဆင်ပြေပြေဝယ်နိုင်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ပြီးတော့ ရထားစီးတဲ့အခါမှာ ထိုင်ခုံလက်မှတ် မထပ်အောင် ဆောင်ရွက်ပေးဖို့လည်းလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ရထားနဲ့ခရီးသွားရတာ ပျော်ရွှင်ပါတယ်။ ဒီနေ့လို ပြည်ထောင်စုနေ့မှာ ခရီးသွားရတာ မှတ်မှတ်ရရဖြစ်တဲ့အတွက် စိတ်လည်းကြည်နူးရပါတယ်။ မြန်မာ့မီးရထားတိုးတက်ပြောင်းလဲလာတာကို တွေ့ရတာဝမ်းသာရပါတယ်၊ အထူးသဖြင့် နိုင်ငံအတွက်လည်း ဂုဏ်ယူမိပါတယ်။ ယခုထက်ပိုပြီး ခရီးသွားတွေကို ဝန်ဆောင်မှုကောင်းများပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ မြန်မာ့မီးရထားအောင်မြင်တိုးတက်ပါစေ။

ကိုရဲရင့်အောင်(ခရီးသွားပြည်သူ)

မနေ့က ကလေးတွေ စာမေးပွဲပြီးတာနဲ့ ပြည်ထောင်စုနေ့မှာ ခရီးသွားဖို့ လက်မှတ်ကြိုဝယ်ထားခဲ့ပါတယ်။ ခရီးသွားများပေမယ့် အားလုံးအဆင်ပြေပါတယ်။ ရထားကိုကြည့်ပြီး ကလေးတွေ ပျော်နေတာကိုမြင်ရတော့ ဖခင်တစ်ယောက်အနေနဲ့ ရင်ထဲပျော်ရွှင်ရပါတယ်။ သူတို့အတွက် ဒီလိုရထားစီးပြီး ခရီးသွားရတယ်ဆိုတဲ့ ခံစားမှုမျိုးကို သူတို့ကြီးပြင်းလာတဲ့အချိန်မှာ အမှတ်တရအဖြစ်ကျန်ရှိနေမှာပါ။ ကျွန်တော်တို့ ငယ်စဉ်ကလည်း ဒီလိုခံစားမှုမျိုးကို မိဘတွေကနေတစ်ဆင့် လက်ဆင့်ကမ်းပေးခဲ့တာပဲလေ။ ယခင်ထက် အများကြီးပြောင်းလဲလာတဲ့ မီးရထားကို သတိပြုမိပါတယ်။ မြန်မာ့မီးရထား ယခုထက်ပိုပြီးအောင်မြင်တိုးတက်ပါစေ၊ ခရီးသွားဝန်ဆောင်မှုပိုပြီးကောင်းမွန်တိုးတက်ပါစေလို့ လည်း ဆုတောင်းပေးပါတယ်။

တွေ့ဆုံမေးမြန်း - ဥဿ

Newspaper - 3441 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download