ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် ရုံးအဆောက်အဦ ပြင်ဆင်တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် ရုံးအဆောက်အဦ ပြင်ဆင်တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / January 25, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၂၄ ရက်နေ့က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ အခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် နေပြည်တော် ဗဟိုစာတိုက်ကြီးပြင်ဆင်နေမှု၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ သတင်းအချက်အလက်နည်းပညာဗဟို အဆောက်အဦသစ် ပြန်လည်တည်ဆောက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၅ ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း ၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရွာတော်)တို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသောသောက်/သုံးရေ အမြဲရရှိရေးဆောင်ရွက်ပေးရန်၊ အရိပ်ရ သီးပင်စားပင်များ စိုက်ပျိုးရန်၊ မျိုးစေ့များထောက်ပံ့ပေးရန်၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ပေးရန်၊ ပွင့်လင်းရာသီသို့ရောက် ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ရန်၊ နွေရာသီ၌ အပူဒဏ်သက်သာစေရန်အတွက် အမိုးအဖီများကို စနစ်တကျ ခိုင်ခံ့စွာပုံစံတူပြုလုပ်ပေးရန်၊ အိမ်ရာဝန်းအတွင်းရှိ လမ်းများကို ရာသီမရွေးအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်၊ အိမ်ရာဝန်းအတွင်းရှိ လမ်းမီးတိုင်များကို ခိုင်ခံ့သောကွန်ကရစ်တိုင်များဖြင့် လဲလှယ်ပေးရန်၊ အိမ်ရာဝန်း၏ လုံခြုံရေးဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများအားလုံး ယခုကဲ့သို့ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် နေပြည်တော်ဗဟိုစာတိုက်ကြီး ပြင်ဆင်နေမှုနှင့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ သတင်းအချက်အလက်နည်းပညာဗဟို အဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီညွတ်စေရေး၊ လျာထားချက်အတိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူ အားလုံးက အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
