ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်ကင်းရေးနည်းစနစ်တကျ ကိုင်တွယ်သုံးစွဲဆောင်ရွက်
ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်ကင်းရေးနည်းစနစ်တကျ ကိုင်တွယ်သုံးစွဲဆောင်ရွက်
Ministry of Information/ Naypyitaw / February 11, 2026
ဒုတိယကမ္ဘာစစ်အတွင်း ဓာတုလက်နက်များ စမ်းသပ်တီထွင်ကြရင်းက ဒီဒီတီကဲ့သို့သော ဟိုက်ဒရိုကာဗွန်များနှင့် ပါရာသွန်(parathon) ကဲ့သို့သော အော်ဂင်နိုဖော့စ်ဖောရပ်စ် ဓာတုပစ္စည်းများကို တွေ့ရှိခဲ့ကြသည်။ ၎င်းဓာတ်ပစ္စည်းများသည် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၏ မူလအစပင်ဖြစ်ပြီး စစ်ကြီးပြီးသည့်အခါ ဓာတုလုပ်ငန်းရှင်များက စီးပွားဖြစ်ထုတ်လုပ်ရောင်းချခဲ့ကြသလို သစ်တောပိုင်ရှင်၊ ဥယျာဉ်ခြံပိုင်ရှင်၊ စိုက်ကွင်းပိုင်ရှင် စသည့် စိုက်ပျိုးထုတ်လုပ်သူများကလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြသည်။ ပိုးသေပေါင်းရှင်းရန်အလို့ငှာ ဓာတုဆေးများကို အလွယ်တကူ သုံးစွဲခဲ့ကြရာမှ သဘာဝပတ်ဝန်းကျင်နှင့် လူအပါအဝင် အခြားသော သက်ရှိသတ္တဝါများအပေါ် ရေတိုရေရှည်တွင် ဆိုးရွားသည့်အန္တရာယ် ကျရောက်စေကြောင်း သိရှိလာခဲ့ကြသည့်အခါ အချို့ပိုးသတ်ဆေး များ ထုတ်လုပ်မှုကို ရပ်ဆိုင်းစေခြင်း၊ အချို့ကိုကန့်သတ်ခြင်း၊ နည်းလမ်းများပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ကြရသည်။
မည်သို့ပင်ဆိုစေကာမူ သီးနှံဖျက်ပိုးမှသည်မှိုများ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ စသည့်ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးများကို မဖြစ်မနေ ဆက်လက်သုံးစွဲနေကြရခြင်းဖြစ်ရာ စနစ်တကျကိုင်တွယ်သုံးစွဲကြရန် အရေးကြီးသည်။ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကောက်ပဲသီးနှံ သိုလှောင်သည့်လုပ်ငန်းများ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စသည်တို့တွင် ပိုးသတ်ဆေးအမျိုးမျိုးတို့ကို ပက်ဖျန်းသုံးစွဲကြရာ အချို့ပိုးသတ်ဆေးများသည် ပတ်ဝန်းကျင်ရှိမြေထု၊ ရေထု၊ လေထု တို့ကို ညစ်ညမ်းစေခြင်းကြောင့် ပိုးသတ်ဆေးများကို ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာသုံးစွဲခြင်း၊ ဆေးဖျန်းကိရိယာများ၊ ဆေးပုံးခွံ၊ ဘူးခွံ၊ ပုလင်းခွံ၊ ဆေးဖျန်းဝတ်စုံ စသည်တို့ကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းစွန့်ပစ်ခြင်းတို့ကို ကောင်းစွာသိရှိ နားလည် ထားကြရန် လိုသည်။ အထူးသဖြင့် ပြည်တွင်းပြည်ပဈေးကွက်များ သို့ တင်ပို့ရောင်းချသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်ပဲ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ အစားအစာ များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနိုင်ရေးတို့အတွက် စိုက်ပျိုးရေးသမား တောင်သူလယ်သမားအားလုံး ပိုးသတ်ဆေးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဆေးများနှင့်စပ်လျဉ်း၍ ဗဟုသုတပြည့်စုံကြရမည်ဖြစ်သည်။
ပိုးသတ်ဆေးဟူသမျှ အဆိပ်များပင်ဖြစ်ပြီး ပြင်းအား (သေနှုန်း) အမျိုးမျိုးဖြင့် ထုတ်လုပ်ထားကာ အင်းဆက်ပိုးမွှား၏ အစာအိမ်နှင့်ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိစေခြင်းဖြင့် ပိုးမွှားကိုသေစေသည်။ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲရာတွင် စနစ်မကျခြင်း၊ ဂရုတစိုက် မပြုလုပ်ခြင်း စသည်တို့ကြောင့် ဆေးများဖိတ်စဉ်ခြင်း၊ လူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခြင်းတို့မှာ အန္တရာယ်ကြီးသည်။ လူ့အရေပြားနှင့် အသက်ရှူလမ်းကြောင်းတို့မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပိုးသတ်ဆေးများ ဝင်ရောက်သွားနိုင်သည်။ အထူးသဖြင့် နဖူးနှင့်ဦးခေါင်းခွံတို့မှာ ပိုးသတ်ဆေးလျင်မြန်စွာဝင်ရောက်နိုင်ခြင်းကြောင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုသူတို့မှာ ခန္ဓာကိုယ်ကိုရော ဦးခေါင်းကိုပါ ကာကွယ်ထားရန်အရေးကြီးသည်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကောက်ပဲသီးနှံတို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါခြင်း၊ မပါခြင်းတို့သည် တောင်သူတို့ စနစ်တကျလိုက်နာသုံးစွဲမှုပေါ်တွင် မူတည်သည်။ ပိုးသတ်ဆေးကို မလိုအပ်ဘဲသုံးခြင်း၊ လွဲမှားစွာသုံးခြင်း၊ အရည်အသွေးမပြည့်မီသော (တရားမဝင်) ပိုးသတ်ဆေးများသုံးခြင်း၊ လိုအပ်သည့်နှုန်းထား၊ လိုအပ်သည့် အကြိမ်အရေအတွက်ထက် ပိုမိုအသုံးပြုခြင်း၊ ဆေးဖျန်း ရာတွင် ပျက်စီးနေသည့် ဆေးဖျန်းကိရိယာကို အသုံးပြုခြင်း၊ ဆေးဖျန်းပုံ မမှန်ကန်ခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးချိန်မှ ရိတ်သိမ်း ခူးဆွတ်ချိန်မတိုင်မီ စောင့်ဆိုင်းရမည့် ကာလသတ်မှတ်ချက်ကို မစောင့်ဘဲရိတ်သိမ်းခူးဆွတ်ခြင်း၊ သုံးစွဲပြီးသော ပိုးသတ်ဆေးများကို စနစ်တကျမစွန့်ပစ်ခြင်းတို့သည် သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုမြင့်မားရခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးထားသည်။
ပိုးသတ်ဆေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဗဟုသုတနည်းပါးမှုနှင့် အလေးအနက်မထားမှုတို့ကြောင့် လူနှင့်ကျွဲနွားတိရစ္ဆာန်များ အန္တရာယ်ကျရောက်ခြင်း၊ ပြည်ပသို့တင်ပို့သည့် ဆန်၊ ပဲ၊ ပြောင်းနှင့် သစ်သီးဝလံများ ငြင်းပယ်ခံရခြင်း စသည့်ဖြစ်စဉ်များရှိခဲ့ရာ စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆောင်ရွက်နေရသည့် မိမိတို့နိုင်ငံအနေဖြင့် ပိုးသတ်ဆေးအပါအဝင် ဓာတုဆေး များသုံးစွဲမှုကို အသိပညာပြည့်ဝစွာဖြင့် စနစ်တကျပြုလုပ်ကြရန်လိုသည်။ ယခုအခါ အနယ်နယ်အရပ်ရပ်တွင် သက်ဆိုင်ရာက ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးမှု များဆောင်ရွက်လျက်ရှိရာ ပိုးသတ်ဆေးသုံးစွဲသူတိုင်းက မိမိ ကိုယ်တိုင်နှင့်တကွ ဝယ်ယူစားသုံးသူများ ဘေးကင်းရေး၊ ပြည်ပဈေးကွက်သို့တင်ပို့ရာတွင် သတ်မှတ်ချက်နှင့်အညီ တင်ပို့နိုင်ရေးတို့အတွက် အလေးထားမှတ်သားလိုက်နာ ကျင့်သုံးဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3438 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
