ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / November 22, 2024
ရန်ကုန် နိုဝင်ဘာ ၂၁
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရေကန်အလှူရှင်များ တက်ရောက်ကြသည်။
၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့်အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်ပေးသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရေကန်တစ်ကန်ချင်းစီ အလှူရှင် ၂၁ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသော ရေကန် ၄၅ ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် ငါးကန်ရှိပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ မတူးဖော်ရသေးသော ရေကန် ၃၄ ကန်ကို ကန်ဆယ်တူးဖော်သွားမည်ဖြစ်ပါကြောင်း။
ပုဂံခေတ်ရှေးဟောင်းရေလမ်းကြောင်း အဓိကသုံးကြောင်းကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ်ပြုပြင်ခဲ့ပါကြောင်း၊ အလှူငွေများလှူဒါန်းပေးသော အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရေလမ်းကြောင်းများဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့သည့် အလှူရှင် ၂၁ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့် ရေကန်ဆိုင်ရာအချက်အလက်များကို ပေးအပ်ရာ အလှူရှင်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အန္တရာယ်ကင်းပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုတို့ကို ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2989 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download