ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Information/ Naypyitaw / August 24, 2025
image_latest


နေပြည်တော် သြဂုတ် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများအား ကျေးရွာအရောက် ကွင်းဆင်း၍ သွားရောက်တွေ့ဆုံသည်။

ဦးစွာ ပုဗ္ဗသီရိမြို့နယ် ဆင်တဲကြီးကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု တောင်သူများနှင့်တွေ့ဆုံပြီး နွေ၊ မိုး၊ ဆောင်းသီးနှံများ ရာသီပြည့်စိုက်ပျိုးမည့် ဧရိယာအတွင်း မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာများပြုလုပ်သုံးစွဲခြင်းနှင့် ဓာတ်မြေသြဇာများ စနစ်တကျထည့်သွင်းရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာလိုက်နာဆောင်ရွက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်နည်းလမ်းများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ ဆိုလာစနစ် အနိမ့်ရေတင်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှု၊ ဆောင်ရွက်ပြီး စက်ရေတွင်းများတွင် ဆိုလာစနစ်ဖြင့် ရေမြှုပ်ပန့်များတပ်ဆင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် အတိုးနှုန်းသက်သာစွာထုတ်ချေးပေးပြီး သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းအား တိုးတက်နိုင်ရေးစီမံဆောင်ရွက်နေမှု၊ ရာသီအလိုက်အချိန်မီထွန်ယက်စိုက်ပျိုး ရိတ်သိမ်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေးနှင့် မျိုးစေ့များအချိန်မီရရှိစေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် အောင်သာရွာ တောင်သူ ဦးဇော်လွင်ကနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ငွေဖြင့် တူးဖော်ထားသော ၃ လက်မ စက်ရေတွင်း တူးဖော်ထားရှိမှုနှင့် ဆိုလာစနစ်ဖြင့် ရေထုတ်ယူသုံးစွဲနေမှု၊ စိုက်ပျိုးရေစက်ရေတွင်းတူးဖော်ရန် မြေအောက်ရေ အလားအလာရှိသောနေရာများနှင့် ဆင်သေချောင်းမှ ဆိုလာစနစ် အနိမ့်ရေတင်လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်နိုင်စွမ်းရှိသောနေရာများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3268 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download