ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
Ayeyarwaddy Region Government/ ပုသိမ် / August 03, 2024
ပုသိမ် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် အားကစားသမားတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့(၂၆)မြို့နယ်၊ ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပေးရသည့် ရည်ရွယ်ချက်များမှာ လူငယ်များကျန်းမာကြံ့ခိုင်စေရေး၊ မျိုးဆက်သစ် ပြေးခုန်ပစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲနှင့်အမျိုးသားအားကစားပွဲတော်တို့တွင် အောင်မြင်မှုများ ရရှိစေရေးတို့အတွက်ဖြစ်ပါကြောင်း၊ ပြေးခုန်ပစ် ပြိုင်ပွဲများတွင်ဆုတံဆိပ်များ များစွာဆွပ်ခူးနိုင်ရေးအတွက် ခွန်အား၊ ဉာဏ်ရည်နှင့်ဇွဲစိတ်ဓာတ်တို့ကိုအရင်းခံပြီး ယှဉ်ပြိုင်သွားကြရန်၊ ယခုကျင်းပသည့် ပြိုင်ပွဲမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ် အားကစားပြိုင်ပွဲများ၊ အမျိုးသားအားကစားပွဲတော်များတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အဆင့်တိုးတက်မြင့်မားစွာ ရရှိနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားကြရန်” တိုက်တွန်းအမှာစကားများပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၈)နှစ်အောက် နှင့် အသက်(၂ဝ)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက် တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ပြိုင်ပွဲဝင် များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အသက်(၁၈)နှစ်အောက် အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ဇနီးကလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသမီးမီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးက လည်းကောင်း၊ အသက်(၂၀)နှစ်အောက် အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသား မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဘော်လီဘောပြိုင်ပွဲ)တွင် ရွှေတံဆိပ်သုံးဆုရှင် မြန်မာ့ လက်ရွေးစင်ဟောင်း ဦးတင်ဦးကလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသား မီတာ (၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အသက်(၂၀)နှစ်အောက် အမျိုးသား မီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲနှင့် အသက်(၂၀)နှစ်အောက် အမျိုးသမီး မီတာ(၄၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသား မီတာ(၄၀၀)ပြိုင်ပွဲနှင့် အသက်(၂၀)နှစ်အောက် အမျိုးသားမီတာ(၄၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပုသိမ်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ရေကြည်ဦးဓမ္မာရုံတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၇၁)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး နံနက်စာအာဟာရ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်း ရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့လှူဒါန်းနိုင်ရန်အတွက် ဧရာရွှေဝါခန်းမ၌ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့က အသင့်စားခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ ဘီစကစ်၊ ဆေးပေါ့လိပ်များအား ပြင်ဆင်ထုပ်ပိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ထုတ်ပိုးမှုများ စနစ်တကျရှိစေရေး မှာကြားခဲ့သည်။
Newspaper - 3501 items
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
