ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆုံး၍ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးသေဆုံး၍ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Information/ Naypyitaw / June 30, 2025

နေပြည်တော် ဇွန် ၃၀
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ သေကြေပျက်စီးစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သောင်ပုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ဝဲကြီး(တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုသော်တာဦး(၂၂)နှစ်၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဦးဆန်းဝင်း (၅၆)နှစ်၊ မောင်မျိုးမင်းဆက်(၂၄)နှစ်၊ မောင်ဉာဏ်လင်းထက်(၂၂)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ မောင်ကံထူးဝေ(၈)လ၊ မောင်စုမြတ်သူ (၁၂)နှစ်၊ မစုမြတ်မွန်(၁၀)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မရွှေဇင်ဦး(၂၆)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ ဒေါ်ဇာ(၃၄)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာ နေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း (၄၆)နှစ်တို့ ၂၅ ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လိုသည့် တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
