ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံအတွင်း လှည့်လည်ကြည့်ရှု
ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံအတွင်း လှည့်လည်ကြည့်ရှု
Ministry of Information/ Naypyitaw / December 24, 2024
နေပြည်တော် ဒီဇင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang (ဝေ့ဝမ်) ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှု စက်ရုံနှင့်အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှထွက်ရှိလာသော သံဘူးများကို နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်ရုံအတွင်း သံဘူးထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက စက်ရုံမှထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေး အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်းအထည်များ ချုပ်လုပ်နေမှုအခြေအနေများနှင့် ထုပ်ပိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3023 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download