ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေး ကျင်းပ
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / November 22, 2024
နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးညှိနှိုင်း
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် အခြေခံစားသောက် ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီများ၏ ဖြန့်ဖြူးရောင်းချမှုအပါအဝင် လက်ရှိဖြစ်ပေါ်နေသော မြေပြင်အခြေအနေအပေါ် ထိန်းကျောင်းဆောင် ရွက်သွားမည့်အစီအမံများ၊ လိုအပ်ချက်နှင့် လက်တွေ့ဆောင်ရွက်သင့်သည်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း။
ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်း၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးခဲ့သဖြင့် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုစသည်တို့ကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိစားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တိရစ္ဆာန်မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေးစသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်
ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည်အစီအမံများကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီစသည့် အရေးကြီးကုန်စည်များနှင့်စပ်လျဉ်းပြီး နေ့စဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲနှင့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကြပ်မတ်ဆောင်ရွက်
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင် ရွက်လျက်ရှိသည်။
သတင်းစဉ်
Newspaper - 2989 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download