ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်နေ့အကြိုအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / December 27, 2024


ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ်တော်မွေးနေ့အထိမ်းအမှတ် အဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ ခရစ္စမတ်နေ့အကြိုအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ : ၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဆုံဆည်းရာစားရိပ်သာ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ခရစ္စမတ်နေ့သည် ခရစ်ယာန်ဘာသာဝင်များ၏ အထွက်အမြတ်ထားရာ ယေရှုခရစ်တော်လူ့ဇာတိခံဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မိမိတို့ရုံးတွင် ခရစ်တော်မွေးနေ့ အထိမ်းအမှတ်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်မှ စတင်ကျင်းပပေးခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပပေးနိုင်ခဲ့သည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများ အားလုံးနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရစ်ယာန်ဘာသာဝင်များအားလုံး ခရစ္စမတ်အချိန် အခါသမယ၌ ဝမ်းမြောက်ပျော်ရွှင်၊ ငြိမ်းချမ်းခြင်းများကို ရရှိခံစားပြီး လာမည့်နှစ်သစ်တွင်လည်း ဘေးဘယာကင်းဝေး၍ ကျန်းမာစွာဖြင့် အေးချမ်းသာယာပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့သည်။

ထို့နောက် ခရစ်ယာန်ဘာသာဝင်များက အဖွင့်ဆုတောင်းမေတ္တာပို့သခြင်းနှင့်အဖွင့်တေး သီချင်းသီဆိုခြင်း၊ ခရစ်တော်အကြောင်းသိကောင်းစရာများကို ချီးမွမ်းပြောကြားခြင်း၊ သံပြိုင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းတို့ကို အစီအစဉ်အတိုင်းပြုလုပ်ခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာအောင်က ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများအတွက် မေတ္တာပို့သဆုတောင်းပေးခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများက ခရစ်တော်မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်ကို အတူတကွခွဲကြပြီး “Merry Christmas to You” သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများသို့ ခရစ္စမတ်လက်ဆောင်များပေးအပ်ပြီး ဝန်ထမ်းများကလည်း ရုံးအကြီးအကဲများထံသို့ ခရစ္စမတ်လက်ဆောင်များကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျေးဇူးတင်တေးသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Newspaper - 3026 items

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download