ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 24, 2025

နေပြည်တော် မေ ၂၃
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့်အတူ ယနေ့နံနက်ပိုင်း၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝင်းအတွင်းရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းနှစ်ခန်းပါ Container House များကို တပ်မတော်သားများ၏ လုပ်အားဖြင့် နေရာချထားနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်ပြီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး၊ နေရာချထားမှုစနစ်တကျရှိစေရေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ခန်း ၁၈ ခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လက်ခံရရှိပြီးသည့် Container House များ အမြန်ဆုံးပြီးစီးအောင် တပ်ဆင်တည်ဆောက်နိုင်ရေးနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3172 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download