ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ငလျင်ဒဏ်သင့်အဆောက်အအုံများ စစ်ဆေးခြင်း နှင့် ငလျင်ဒဏ်ခံအဆောက်အအုံများ ဖြစ်စေရေးအတွက် စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များ စသည့်တို့နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / November 28, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၈) ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ငလျင်ဒဏ်သင့်အဆောက်အအုံများစစ်ဆေးခြင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံများ ဖြစ်စေရေးအတွက် စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များ စသည်တို့နှင့်စပ်လျဉ်း သည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အသိပညာမျှဝေရေးဆွေးနွေး ပွဲများကိုစဉ်ဆက်မပြတ်ကျင်းပ‌ပေးလျက်ရှိရာ စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့် ကဏ္ဍ ပေါင်းစုံကို ရုံးချုပ်နှင့်ဒေသရုံးများမှ ဝန်ထမ်းများ၊ အခြားဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် သူများ၊ ပြင်ပပညာရှင်များမှ ဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် (၅၈) ကြိမ်မြောက် ရှိပြီးဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် အဆောက်အဦများပြုပြင်ရာတွင် အထောက်အကူပြုစေရန်၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများဖြင့် နည်းစနစ်မှန်ကန်စွာပြုပြင်နိုင်ရန်၊ ပြုပြင်ပြီးအဆောက်အဦများအား လုံခြုံ စိတ်ချစွာအသုံးပြုနိုင်စေရန်၊ အသစ်တည်ဆောက်မည့် အဆောက်အဦများ ငလျင်ဒဏ်ခံ အဆောက်အဦများ ဖြစ်စေရန်ရည်ရွယ်၍ ငလျင်ဒဏ်သင့်အဆောက်အအုံများစစ်ဆေးခြင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံများ ဖြစ်စေရေးအတွက် စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် (SOP)မှအဓိကအချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ “ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦ များအတွက် ခန့်မှန်းခြေ စာရင်းရေးဆွဲအတည်ပြုနိုင်ရန်လိုအပ်သည့် ပြင်ဆင်ခြင်း၊ အားဖြည့် ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်များ” ဟူသော ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပေးသွားမည်ဟုသိရှိရပါကြောင်း၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်စေ ရေး ပြောင်းလဲလာသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် စံချိန်စံနှုန်းအသစ်များဖြင့် ခန့်မှန်းခြေစာရင်းများရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးပွဲမှ ရရှိသည့် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်နှင့်လူမှုဘဝ နယ်ပယ်များတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးသည့် အကြောင်းအရာများကို သေချာဂရုစိုက်နားထောင်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသွားကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးမော်က ငလျင်ဒဏ်သင့် အဆောက်အအုံများ စစ်ဆေးခြင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံများ ဖြစ်စေရေးအတွက် စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များ စသည့် အကြောင်းအရာတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းအေး က “ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများအတွက် ခန့်မှန်းခြေစာရင်း ရေးဆွဲအတည်ပြု နိုင်ရန်လိုအပ်သည့် ပြင်ဆင်ခြင်း၊ အားဖြည့်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ထုံး လုပ်နည်းနှင့်လုပ်ငန်းစဉ်များ” ဟူသောခေါင်းစဉ်ဖြင့် Level-1 (အဆင့်-၁) အပြာရောင်အဆင့် သာမန်ပြုပြင်ခြင်း၊ Level-2 (အဆင့်-၂) လိမ္မော်ရောင်အဆင့် အကြီးစားပြုပြင်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်းနှင့် အနီရောင်အဆင့်သတ်မှတ်၍ ဖယ်ရှားရှင်းလင်းခြင်းစသည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက်ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန် လည်ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများပြုလုပ်ကြသည်။ ထို့နောက် စစ်ဆေး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီချိန်မှ ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲ ကိုရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြား ရေးမှူးများနှင့်ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၇၂၂) ဦး တက်ရောက် ခဲ့ကြသည်။

Newspaper - 3363 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download