ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်


Ministry of Information/ Naypyitaw / October 19, 2025
image_latest


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားများမှာ အသွေးအရောင်မတူ ကွဲပြားကြသော်လည်း ပြည်ထောင်စုကြီးအတွင်း ဤမြေတွင်နေ၊ ဤရေကိုသောက်၍ အတူတကွစုပေါင်းနေထိုင် ကြီးပြင်းရှင်သန်ရပ်တည်လာကြသူများဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြစ်ကြသည်ဟု ခံယူထားကြပြီး ချစ်ခင်စည်းလုံးသည့် ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ မွေးမြူထားရှိကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးနှင့် ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် အတူတကွပေါင်းစည်းနေထိုင်လာခဲ့ကြပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးအချိန်မှစတင်၍ တိုင်းရင်းသားလူမျိုးအချင်းချင်းကြားတွင် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးကာလက နယ်ချဲ့၏ သွေးခွဲမှုပရိယာယ်အမျိုးမျိုးတို့ကြောင့်နှင့် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက သွေးကွဲစေနိုင်သည့် သဘောတူညီချက်အချို့တို့ကို အကြောင်းပြု၍ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်အချို့ ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်လာပြီဖြစ်သည်။

အဆိုပါပြဿနာကို ခေတ်အဆက်ဆက်အစိုးရများက ဖြစ်နိုင်သမျှ ဖြေရှင်း ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မပြေလည်မှုအမျိုးမျိုးကြောင့် မငြိမ်းချမ်းသောသံသရာတွင် ဝဲလည်နေကြရ၍ တိုင်းပြည်လည်းနစ်နာ၊ တိုင်းရင်းသားပြည်သူများလည်း အတိဒုက္ခရောက်ကြရသည်။ ၁၉၈၈ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူများက လက်မခံနိုင်ကြတော့ဘဲ ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့သောကြောင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ပုံဖော်ပေးခဲ့သည်။ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်တွင် အောင်မြင်စွာ စတင်တည်ဆောက်နိုင်ခဲ့သည်။ အစိုးရနှင့်တပ်မတော်သည် နှစ်ပေါင်းရှည်ကြာလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့သည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် စိတ်ဝမ်းမကွဲပြားရေးသည် အလွန်အရေးကြီးသောအချက်ဖြစ်၍ စိတ်ဝမ်းကွဲပြားစေနိုင်သည့် ပြောဆိုပြုမူလုပ်ကိုင်ဆောင်ရွက်မှုများကို အထူးသတိထားဆောင်ရွက်ကြရသည်။ ခေတ်အဆက်ဆက် အစိုးရများက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြိမ်ကြိမ်အမျိုးမျိုး ဆောင်ရွက်ခဲ့ကြပြီး ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းကာလတွင် အရေးကြီးသည့် ငြိမ်းချမ်းရေးညီလာခံကို (၂၁) ရာစုပင်လုံဟု အမည်ပြောင်းလဲဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် သမိုင်းကြောင်းအရ အခက်အခဲများရှိလာနိုင်သောကြောင့် အသိပေးမှုများ ဆောင်ရွက်ခဲ့သည်။ ထိုကာလက တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတတ်နိုင်ဆုံးလိုက်လျောဆောင်ရွက်ပေးခဲ့သည်။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သို့သော် ထိုအချိန်က လွှတ်တော်နှင့်အစိုးရအနေဖြင့် ဥပဒေကို သွေဖည်သော ပြုမူပြောဆိုမှုများ၊ ပြဋ္ဌာန်းမှုများကို အတည်ပြုခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့် ကိစ္စများစွာတို့ကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီဒုတိယအစိုးရလက်ထက်တွင် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မှုများစွာပြုလုပ်ခဲ့သဖြင့် မျက်မှောက်ကာလတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ပြန်လည်ပုံဖော်တည်ဆောက်ပေးလျက်ရှိရာ မကြာမီကာလတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ နိုင်ငံတော်၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် “ပြည်ထောင်စုနိုင်ငံ” ထူထောင်နိုင်ရေးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများနှင့်လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းဖြစ်သည်။ ထို့ကြောင့် မတူကွဲပြားမှုများကို ကိုယ်စားပြုသည့်ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်ရန်အတွက် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ်အပြင် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားတော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အရေးအကြီးဆုံးအချက်အဖြစ် ခံယူထားရမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်နေကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3322 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download