ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / January 02, 2025
နေပြည်တော် ဇန်နဝါရီ ၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်သည်။
အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က Judicial College အဆောက်အဦအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက Judicial College အဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Judicial College နှင့်စပ်လျဉ်းသည့် Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Judicial College အဆောက်အဦသစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးထံ Judicial College အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်သော Judicial College အဆောက်အဦသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်အတွက်သာမကဘဲ နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်ရမည့်နေ့တစ်နေ့ ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားရေးကဏ္ဍ မြင့်မားရေးနှင့် တရားရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်ရေးအတွက် Judicial Academy, Judicial College, Judicial Training Centre စသည့် အမည်အမျိုးမျိုးဖြင့် တည်ထောင်ထားသည်ကို တွေ့ရကြောင်း၊ အဆိုပါသင်ကြားသင်ယူမှုဌာနများတွင် နိုင်ငံတကာတရားသူကြီးများကို ဖိတ်ခေါ်ပြီး တရားစီရင်ရေး လေ့ကျင့်သင်ကြားပေးခြင်း၊ တရားစီရင်ရေးစနစ် ထွန်းကားရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဟောပြောပို့ချခြင်း၊ အပြန်အလှန်အသိပညာဖလှယ်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေကြခြင်းကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံများအကြားတရား စီရင်ရေးဖလှယ်မှုအစီအစဉ် (Judicial Exchange Programme) သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ထွန်းစေရုံသာမကဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ပါ အာမခံချက်ပေးနိုင်သည့် အခွင့်အလမ်းဖြစ်သဖြင့် နိုင်ငံအတွက် အရေးပါအရာရောက်သည့် နေရာတစ်ခုဖြစ်ကြောင်း။
ထို့ပြင် ယခုကဲ့သို့နိုင်ငံတော်ငွေ ကုန်ကျစရိတ်များစွာကျခံပြီး ခမ်းနားထည်ဝါ စွာတည်ဆောက်ပေးထားသည့် Judicial College ကြီးတွင် ပြည်ပသင်တန်းသားများအပြင် မြန်မာနိုင်ငံက တရားသူကြီးအသစ်များ၊ အလယ်အလတ်အဆင့် တရားသူကြီးများ၊ အဆင့်မြင့်တရားသူကြီးများအတွက်လည်း လေ့လာသင်ယူဆွေးနွေးပို့ချသည့်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်သဖြင့် တရားသူကြီးအသီးသီး၏ စွမ်းရည်တိုးတက်ရေး အကျိုးရှိရှိထိထိရောက်ရောက် အသုံးချနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ အရ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ မှန်မှန်နှင့်မြန်မြန် တရားစီရင်ရေး ရှင်သန်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ အရ ဥပဒေပြုမှုနှင့် အုပ်ချုပ်မှုအာဏာရပ်များက တရားစီရင်ရေးအာဏာအပေါ် ဝင်ရောက်စွက်ဖက်မှုကင်းပြီး အာဏာသုံးရပ် ပိုင်းခြားခွဲဝေကျင့်သုံးမှု တတ်နိုင်သမျှ ဆောင်ရွက်ရန်စသည့် နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာမူများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အပြည့်အဝ လွှဲအပ်ကျင့်သုံးလျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
တရားစီရင်ရေးမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးနေမှုများကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးတွင် တရားသူကြီးများ၏ ဆင်ခြင်တုံတရား၊ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်မြင့်မားမှုများသည် အဓိကကျသကဲ့သို့ တရားရုံးများ၏ဖွဲ့စည်းတည်ဆောက်မှုနှင့် ဥပဓိရုပ်ကောင်းမွန်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း။
ထို့ကြောင့် တရားရုံးများ ဥပဓိရုပ်ကောင်းမွန်ပြည့်စုံစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်စသည့် တရားလွှတ်တော် (High Court) များကို အသစ်ဆောက်လုပ်ပေးခဲ့သကဲ့သို့ ခရိုင်တရားရုံး ၅ ခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တရားသူကြီးအားလုံးအတွက် ဝန်ထမ်းတိုင်း ခံစားခွင့်ရှိသည့် ဝတ်စုံစရိတ် (Outfit Allowance) အပြင် လုပ်ငန်းတာဝန်အရ မဖြစ်မနေဝတ်ဆင်ရသည့် ဝတ်ရုံစရိတ်များ ခွင့်ပြုပေးခြင်းစသည်များကိုလည်း နိုင်ငံတော်က တရားစီရင်ရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တရားစီရင်ရေးမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ ဆောင်ရွက်ပေးနေမှုများကို အသိပေးပြောကြားရင်း တရားစီရင်ရေးတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံတရားရုံးအဆင့်ဆင့်မှ တရားသူကြီးများကို အထူးမှာကြားလိုသည့်အချက်ရှိကြောင်း၊ “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကိုစီရင်ကြောင်း အများမြင်စေရာသည်” ဆိုသော အသားကျနေသည့် စီရင်ထုံးလမ်းညွှန်ချက်အတိုင်း ဖြစ်စေရန်နှင့် တရားသူကြီးများသည် အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက် အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန်၊ အရည်အချင်းရှိသည့် တရားသူကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့တွင် “တရားဥပဒေစိုးမိုးရေး” ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အတိအလင်းထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အကောင်အထည်ဖော်ရာ၌ တရားစီရင်ရေး၏ မှန်ကန်မှုနှင့်မြန်ဆန်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသည့်အတွက် တရားစီရင်ရေးကို အကောင်အထည်ဖော်ကြရသည့် တရားသူကြီးများက ကျရာနေရာမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။
Judicial College အဆောက်အဦသစ်ကြီး တည်ထောင်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအတိုင်း ယခုကျောင်းတော်ကြီးမှနေ၍ အာဆီယံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် နှစ်နိုင်ငံတရားစီရင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရသည့် တရားစီရင်ရေးအကာအကွယ်ရှိသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့်နိုင်ငံအဖြစ် ပြသနိုင်မှုများ ဖော်ဆောင်နိုင်အောင် ဆောင်ရွက်ပေးကြရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် လောကပါလတရားများ ဖြစ်ထွန်းစေသည့် မြန်မာ့တရားစီရင်ရေးသည် အာဆီယံမှာသာမက ကမ္ဘာကပါ လေးစားဂုဏ်ယူရသည့် တရားစီရင်ရေးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3034 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download