ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်


Ministry of Information/ Naypyitaw / October 09, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၈

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင် စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု ဆိုင်ရာမိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အလုပ်ဌာနများမှ အလုပ်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်ဟူသော ရည်မှန်းချက်နှင့်အညီ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် ၆ မျိုးအနက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှုအာမခံစနစ်တို့အား လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ အာမခံ အလုပ်သမားများ၏ အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာသင်စရိတ်လျှောက်ထားလာသည့် အာမခံအလုပ်သမား ၃၈၃၉ ဦး၏ သားသမီး ၅၁၉၇ ဦးအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေကျပ်သန်း ၂၂၀ ဒသမ ၅၃၀ သန်း ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ (နေပြည် တော်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ အာမခံအလုပ်သမား ၇၂၇၉၄ ဦး၏ သားသမီး ၉၅၄၁၂ ဦးအတွက် ငွေကျပ် ၃ ဒသမ ၇၈၇ ဘီလီယံကျော်ကို Online Payment စနစ်ဖြင့် အာမခံ အလုပ်သမားများထံသို့ ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် မန္တလေးငလျင်ဘေးသင့်သည့် အာမခံအလုပ်သမား ၆၇၅၇ ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ငွေကျပ်သန်း ၅၆၇ ဒသမ ၃၆၅ သန်းကိုလည်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ပြီး ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုမှ အာမခံအလုပ်သမား ၇၉၇၉၅ ဦး အတွက် ငွေကျပ် ၆ ဒသမ ၆၇၅ ဘီလီယံကျော် Online Payment စနစ်ဖြင့် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များကို ကြန့်ကြာမှုမရှိစေဘဲ ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမားများ ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ မိသားစုထောက်ပံ့မှု အကျိုးခံစား ခွင့် ၄၀ ရာနှုန်း၊ ငွေကျပ်သန်း ၅၆၇ ဒသမ ၃၆၅ သန်းကို လည်းကောင်း၊ ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီဝင်ထံသို့ ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ကျပ်သန်း ၂၂၀ ဒသမ ၅၃၀ သန်းကိုလည်းကောင်း လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီရုံးအတွင်း ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် အာမခံလုပ်သားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3312 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download