ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / November 20, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့၊ ရွာမရပ်ကွက်အတွင်း လမ်းဘေး၌ ချောင်းခွကျေးရွာနေ ကျော်ဇင်ဦး(ခ)သုည(၄၄)နှစ်သည် နှစ်လုံးထီ ရောင်းချနေကြောင်း သတင်းအရ အေလာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နှစ်လုံးထီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၀၃,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဇင်ဦး(ခ)သုည အား အေလာနယ်မြေရဲစခန်း (ပ)၅၇/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ငှက်ကုန်းကျေးရွာနေ မဆုမြတ်မွန်(၂၅)နှစ်၏ နေအိမ်၌ နှစ်လုံးထီ ရောင်းချနေကြောင်း သတင်းအရ နတ်တလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ်ရှိ ကွပ်ပျစ်ပေါ်၌ ၎င်းအား နှစ်လုံးထီရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅၁,၄၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဆုမြတ်မွန် အား နတ်တလင်းမြို့မရဲစခန်း (ပ)၁၃၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း။
ထို့အတူ ညနေ ၅ နာရီ ၁၀ မိနစ်တွင် နတ်တလင်းမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာနေ ဒေါ်စန္ဒာဝင်း(ခ)မဖြူ(၅၀)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရ တာပွန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှေ့ခန်း၌ နှစ်လုံး/သုံးလုံးထီ ရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၅၂,၂၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စန္ဒာဝင်း(ခ)မဖြူ အား တာပွန်နယ်မြေရဲစခန်း (ပ)၇၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3356 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
