ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ


Ministry of Information/ Naypyitaw / April 20, 2026
image_latest


နေပြည်တော် ဧပြီ ၁၉

နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော နေပြည်တော်ကောင်စီနယ်မြေရှိ ကျေးရွာများသို့ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာနှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစင်တာ၌ ကျင်းပရာ ဓာတ်မြေဩဇာဝယ်ယူနေကြသည့် နွေစပါးစိုက်တောင်သူများကို ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က တွေ့ဆုံအားပေးစကား ပြောကြားကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာတွင် အလေအလွင့်မဖြစ်ပေါ်စေရေးနှင့် သီးနှံသက်တမ်းအလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များအတိုင်း သွင်းအားစုများအား မှန်မှန်ကန်ကန်အသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက ပြည်ပသို့ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန်နှင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသော သွင်းအားစု လိုအပ်ချက် အခက်အခဲများကြားမှ နိုင်ငံတော်ကနွေစပါးစိုက်တောင်သူများအတွက် အထူးကြိုးပမ်းပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်၍ အလွဲသုံးစားမဖြစ်စေဘဲ အကျိုးရှိထိရောက်စွာ အသုံးပြုကြရန် တိုက်တွန်းအားပေးပြောကြားသည်။

ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး ဆက်လက်စီမံဆောင်ရွက်ပေးမည့်အခြေအနေနှင့် တောင်သူများဝင်ငွေတိုးပွားရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တောင်သူများ၏ နွေစပါးစိုက်ခင်းများအတွက် စိုက်ပျိုးရေ အချိန်ကိုက်ရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်တို့သည် မြန်မာ့ဩဘာ ကောမက် G-46 ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းငါးရာကျပ်နှုန်းဖြင့် စိုက်ဧကအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ကျေးရွာခြောက်ရွာ၌ ဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး ပြည်နယ်များအတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော နွေစပါးစိုက်ဧကများမှ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာ၏ ဓာတ်မြေဩဇာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ပထမအသုတ်အဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစိစစ်ထားသော ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ဧရိယာများအတွက်ကိုလည်း အသုံးပြုရမည့် ကာလအမီ နှစ်ကြိမ်ခွဲရောင်းချပေးခြင်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မိုးရာသီရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်လျက်ရှိသည့် မပိုက်ကယ်ရိုးတစ်လျှောက်နှင့် ကျွန်းရောင်း၊ အိုင်စောက်၊ ပေါင်းလောင်းရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်နှင်းအင်းအုပ်စု သစ်တပ်ကလေးကျေးရွာနှင့် သက်နှင်းအင်းကျေးရွာအနီးတွင် နရဘန်ချောင်း ချဲ့ထွင်တူးဖော်ဆောင်ရွက်နိုင်ရေးအတွက် မူလချောင်းနယ်နိမိတ်တည်ရှိမှု၊ ချဲ့ထွင်တူးဖော်မည့် ချောင်းဧရိယာအကျယ်တို့နှင့်ပတ်သက်၍ ဒေသနေတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာအနီးရှိ ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်းအား ချောင်းကမ်းကြီး ကျေးရွာအနီးမှ ပေါင်းလောင်းမြစ်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးနိုင်ရေးအတွက် စက်ယန္တရားများဖြင့် အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

အဆိုပါရေနုတ်မြောင်းများပြီးစီးပါက ပင်လောင်းလမ်းဆုံအပါအဝင် ပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်မည်ဖြစ်၍ အချိန်မီပြီးစီးရေးကိုလည်းကောင်း၊ ပတ်ဝန်းကျင်လူနေအိမ်များ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ရေးကိုလည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3501 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download