ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဖဲရိုက်နှင့် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ 


Ministry of Home Affairs/ နေပြည်တော် / June 03, 2026


     ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဖဲရိုက်လောင်းကစားနှင့် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

    ဖြစ်စဉ်မှာ ဇွန် ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စည်တိုးအောင်ကျေးရွာနေ ဒေါ်ခင်ဝင်းကြည်(၅၈)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဒေါ်ခင်ဝင်းကြည်နှင့် တစ်ရွာတည်းနေသူများဖြစ်သည့် ဒေါ်လှဆန်းကြည်(၄၉)နှစ်၊ ကိုမောင်မောင်ထွန်း(၂၉)နှစ်နှင့် ဦးသက်နိုင်ဦး(၃၈)နှစ်တို့ လေးဦးအား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်ဝင်းကြည်ပါ လေးဦးအား လယ်ဝေးမြို့မရဲစခန်း (ပ)၇၆/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် လည်းကောင်း။

    အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သဲဖြူကျေးရွာနေ “စတား” ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာ(၃၉)နှစ်သည် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အမှတ်(၃)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်စန္ဒာအား ဆိုင်ကယ်ပြင်ဆိုင်အနီး၌ တွေ့ရှိရပြီး ၎င်းဆွဲလာသော လက်ဆွဲခြင်းအတွင်းမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စန္ဒာ အား တောင်ငူ မြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၂၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

    အလားတူ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သင်္ဃန်းကုန်းကျေးရွာနေ ဦးမောင်နိုင်(၄၉)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်နိုင်ပါ အမျိုးသား လေးဦး၊ အမျိုးသမီး ခုနစ်ဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်နိုင်ပါ ၁၁ ဦးအား ပြင်စလူနယ်မြေရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် လည်းကောင်း။

    အလားတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နတ်စင်အိုင်ကျေးရွာနေ ဒေါ်ထက်ထက်မိုးလွင်(ခ)မိထက်(၃၁)နှစ်၏နေအိမ်၌ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဆကာကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ထက်ထက်မိုးလွင်(ခ)မိထက်အား သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ထက်ထက်မိုးလွင်(ခ)မိထက် အား ဆကာကြီးနယ်မြေရဲစခန်း (ပ)၁၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

    အလားတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ကညင်သောင်ကျေးရွာ၊ မြစ်ကျိုးလမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် ရေကြည်မြို့နယ်၊ ထောကြီးကျေးရွာနေ ဦးမျိုးမြင့်သိန်း(၅၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးမြင့်သိန်း အား အိုင်သပြု နယ်မြေရဲစခန်း (ပ)၁၃/၂၀၂၆၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။  

    အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တောင်ရပ်ကွက်ရှိ “ရှယ်” ကွမ်းယာဆိုင်ဘေး၌ သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ မခိုင်မာကြည်(ခ)အကြည်(၂၈)နှစ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တောင်ရပ်ကွက်နေ မခင်ဇာဝင်း(ခ)သဲသဲ(၂၂)နှစ်တို့အား သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ များနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခိုင်မာကြည်(ခ)အကြည်ပါ နှစ်ဦးအား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း(ပ)၄၃၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3545 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download