ပြည်ထောင်စုရာထူးဝန်အဖွဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Ministry of Information/ Naypyitaw / July 16, 2025

နေပြည်တော် ဇူလိုင် ၁၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၈)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ယာယီဝန်ထမ်းအိမ်ရာ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို စတင်စိုက်ပျိုးပေးကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးကြပြီး ယာယီဝန်ထမ်းအိမ်ရာ လမ်းဘေးဝဲ/ယာ၊ စိုက်ကွက်အလိုက် ဝန်ထမ်းများသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဆည်အမှတ်(၂၆)တွင် မိုးရာသီကာလ ငါးသားပေါက် များကို မျိုးစိုက်ထည့်ကြသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မဟော်ဂနီ၊ ပိတောက်၊ ဆီသပြေစသည့် နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်ပေါင်း ၃၀၀ ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးခဲ့ပြီး ငါးမြစ်ချင်းငါးသားပေါက် ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3225 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။
