ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
Ministry of Information/ Naypyitaw / January 02, 2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ရွေးကောက်ပွဲကျင်းပချိန်တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၇ နှင့် နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေကြသည့် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေးခြင်းကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးအသီးသီးက ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းမဲပေးပြီးသည့် ကြိုတင်ဆန္ဒမဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပေးပို့ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ကော်မရှင်ကသတ်မှတ်ပေးသည့်နေ့ရက်ဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲစာအိတ်များကို ဖွင့်ဖောက်၍ ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာပေးခဲ့ပါသည်။
၃။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ (က) နှင့် နည်းဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များဖြစ်သည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်း သားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာဌာနအကြီးအမှူးများက စီစဉ်ပေးသည့်နေရာတွင်လည်းကောင်း၊ ယာယီနေရပ်စွန့်ခွာနေရသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယင်းတို့ရောက်ရှိရာဒေသ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်လည်းကောင်း ကော်မရှင်က သတ်မှတ်ပေးသည့် နေ့ရက်အတွင်း စနစ်တကျ ဆန္ဒမဲပေးခဲ့ကြပြီး ယင်းသို့ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအိတ်များကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများကို ဖိတ်ကြား၍ ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်အလို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ မတိုင်မီ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲ လက်မှတ်ပါစာအိတ်များကို ဖွင့်ဖောက်၍ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရရှိသည့် ကြိုတင်ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၇-က) နှင့် ပုံစံ (၁၇(က-၁)] တို့တွင် ဖြည့်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ပါသည်။
၄။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် အနာကြီးရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူ၊ ရဲအချုပ်စခန်း၊ အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသူများနှင့် မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်ကာ ယာယီတာဝန်သွားရောက်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကော်မရှင်ကသတ်မှတ်သည့် ၁၈-၁၂-၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီများသို့လည်း ဆက်လက်အသိပေး အကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆၃ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့နှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းအား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် မဲပုံးများကို ကြိုတင်ဆန္ဒမဲပေးသူစာရင်း ပုံစံ (၁၃-က) များနှင့်အတူ ရွေးကောက်ပွဲကျင်းပသည့်နေ့ ၂၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၆:၀၀ နာရီ မဲရုံမဖွင့်မီ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ နည်းဥပဒေ ၆၃ (စ) နှင့်အညီ စနစ်တကျအပ်နှံခဲ့ကြပါသည်။ မဲရုံပိတ်ချိန်တွင် မဲရုံမှူးက မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် ဆန္ဒမဲပေးထားသည့် ဆန္ဒမဲရလဒ်စာရင်းကို မဲပေးစက်မှ ထုတ်ယူပြီးနောက် ကြိုတင်ဆန္ဒမဲများကို ဦးစွာရေတွက်ခဲ့ပါသည်။ ထို့နောက် မဲရုံမှူးသည် မဲပေးစက်ဖြင့် မဲပေးထားသည့် ဆန္ဒမဲအရေအတွက်နှင့် ကြိုတင်ဆန္ဒမဲစာရင်းများကို စုစည်း၍ ပုံစံ (၁၇-ခ) နှင့် ပုံစံ (၁၇(ခ-၁)] တို့တွင် ရေးသွင်းပြီး ဆန္ဒမဲရလဒ်စာရင်းများကို သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။
၅။ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇-က) နှင့် ပုံစံ (၁၇(က-၁)] ပါ ကြိုတင်ဆန္ဒမဲရလဒ်စာရင်းများနှင့် မဲရုံအသီးသီးက ရရှိသည့် ပုံစံ (၁၇-ခ) နှင့် ပုံစံ {၁၇(ခ-၁)] တို့ကို စုစည်း၍ မြို့နယ်ဆန္ဒမဲရလဒ်စာရင်းပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) တို့တွင် စနစ်တကျ ရေးသွင်းခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိလက်ဝယ်ရှိ ပုံစံ (၁၇) နှင့် ပုံစံ (၁၇-၁) ပါ ကြိုတင်ဆန္ဒမဲစာရင်းနှင့် မြို့နယ်အသီးသီးက ပေးပို့လာသည့် ပုံစံ (၁၈) နှင့် ပုံစံ (၁၈-၁) ပါ ဆန္ဒမဲစာရင်းများကို စုစည်း၍ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် ဆန္ဒမဲစာရင်းများကို ပုံစံ (၁၉) နှင့် ပုံစံ (၁၉-၁) တို့တွင် ရေးသွင်းခဲ့ပါသည်။ အဆိုပါဆန္ဒမဲစာရင်း ပုံစံများတွင် လွှတ်တော်ကိုယ်စားလှယ လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အများပြည်သူ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများ ပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူ သိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပါကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Newspaper - 3398 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
