ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများအား တွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများအား တွေ့ဆုံ
Ministry of Information/ Naypyitaw / June 04, 2026
နေပြည်တော် ဇွန် ၃
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပူးပေါင်းကော်မတီနှစ်ရပ်သည် ပြည်ထောင်စုလွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းကို အထောက်အကူပြုပေးနေသည့် အဓိကကော်မတီများလည်း ဖြစ်ပါကြောင်း၊ ယခုလိုပူးပေါင်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုသည် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကြမ်းတစ်ခုချင်း၏ အကြောင်းအရာများ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သက်ရောက်မှုများကို အသေးစိတ်လေ့လာဆွေးနွေးရန် အချိန်လုံလောက်ခြင်းမရှိသည့်အတွက် လွှတ်တော်အတွင်း ကော်မတီများဖွဲ့စည်းပြီးဥပဒေများကို အသေးစိတ်လေ့လာစိစစ်ကာ အကြံပြုချက်များဖော်ထုတ်ခြင်း၊ ဥပဒေကြမ်းပါ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆွေးနွေးဆုံးဖြတ်ခြင်းများ စသည်တို့ကိုအချိန်ယူဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများကို လွှတ်တော်အတွင်းမှ (Sub-Parliament) လွှတ်တော်ငယ်များဟု နိုင်ငံတကာက တင်စားခေါ်ဝေါ်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၂၇၊ ၁၂၈၊ ၁၂၉ နှင့်အညီ ကော်မတီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များပါ ဥပဒေကြမ်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းပြီး ကော်မတီက ပြင်ဆင်ရန်အကြံပြုချက်များပေးပို့ရာတွင် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့်စပ်လျဉ်းသောအကျုံးဝင်သည့် အကြံပြုချက်များဖြစ်ရမည်ဖြစ်ပါကြောင်း။
ကော်မတီဝင်များသည် ကော်မတီအစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိပါကြောင်း၊ ထူးခြားမှုအနေဖြင့် ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သောကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရေးနှင့် ယင်းအစည်းအဝေး မှတ်တမ်းများကိုလည်း ဖြန့်ဝေခြင်းများမပြုရပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် လွှတ်တော်နှစ်ရပ်သဘောတူညီသော ဥပဒေကြမ်းများမှလွဲပြီး အခြားဥပဒေကြမ်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲထားသည့် ဥပဒေကြမ်း၊ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နှင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း စသည့် ဥပဒေကြမ်းများအားလုံးကို မိမိတို့ကော်မတီမှစိစစ်သုံးသပ်ပြီး သဘောထားမှတ်ချက် တင်ပြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်းဆွေးနွေးခြင်းမှအစပြုပြီး ဥပဒေအဖြစ်ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံပေးပို့နိုင်သည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) အရ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့် နှစ်စဉ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို အသေးစိတ်လေ့လာစိစစ်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၁ အရ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင် ခံစာအပေါ်စိစစ်ခြင်း၊ ထိုကဲ့သို့ စိစစ်ရာတွင် လွှတ်တော်သို့တင်ပြထားသည့် လျာထားရငွေများ ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ မရှိ၊ သုံးစွဲခွင့်ပြုထားသောငွေများကို သတ်မှတ်ထားသော ကိစ္စအတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသုံးစွဲခြင်း ရှိ မရှိ၊ ထိရောက်စွာ အသုံးပြုမပြု၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ မရှိ စိစစ်ခြင်းနှင့် လုပ်ငန်းဌာနသို့ သွားရောက်စစ်ဆေးရန်လိုအပ်ပါက နာယက၏ခွင့်ပြုချက်နှင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်များအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်ပြီး စိစစ်ရမည် ဖြစ်ပါကြောင်း။
ထို့ပြင် အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာနှင့် အခွန်အကောက်ဆိုင်ရာ (၆ လပတ်၊ နှစ်ပတ်လည်) အစီရင်ခံစာများ၊ ချေးငွေဆိုင်ရာအစီရင်ခံစာများကို အသေးစိတ်လေ့လာစိစစ်ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယခုလို အသေးစိတ်လေ့လာစိစစ်ပြီးမှ လွှတ်တော်သို့အစီရင်ခံစာပြုစုပြီး လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးရန် အခြေခံကျကျ တင်ပြပေးနိုင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်၏ ငွေကြေး၊ ဘတ်ဂျက်ဆိုင်ရာများကို အလေအလွင့်မရှိအောင်ဥပဒေများပြဋ္ဌာန်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ပူးပေါင်းကော်မတီဝင်များအနေဖြင့် မိမိတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို တိတိကျကျ နားလည်ရန်နှင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်ဆောင်ရွက်ခြင်းမျိုး မပြုလုပ်မိရန်လည်း သတိပြုရန်လိုအပ်ပါကြောင်း။
ပူးပေါင်းကော်မတီများအနေဖြင့် အထူးသတိပြုရမည်မှာ ဥပဒေကြမ်းများ၊ အစီရင်ခံစာများအပေါ် စိစစ်တင်ပြသည့်နေရာတွင် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဖိတ်ခေါ်ဆွေးနွေးမေးမြန်းခြင်းသည် လွှတ်တော်၏ Oversight လုပ်ငန်းဖြစ်ပြီး လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စေရေးအတွက် အချက်အလက်ရှာဖွေစုဆောင်းခြင်းသာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို အမှုစစ်သကဲ့သို့ စစ်ဆေးမေးမြန်းသည့် ပုံစံမျိုးမဖြစ်စေရန် ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုလို အရေးကြီးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ကြရမည့် ကော်မတီဝင်များအနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အခြားဆက်စပ်ဥပဒေများအားလုံးကို စေ့စေ့စပ်စပ်သေသေချာချာ လေ့လာပိုင်နိုင်ကြစေရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပူးပေါင်းကော်မတီနှစ်ရပ်၏ဥက္ကဋ္ဌ၊ ဒုတိယနာယက Jeng Phang နော်တောင်က မိမိတို့ပူးပေါင်းကော်မတီများသည် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းများကို အတည်ပြုပေးနိုင်ရေး၊ အမျိုးသားစီမံကိန်း၊ ဘတ်ဂျက်၊ အခွန်အကောက်ဆိုင်ရာများကို စိစစ်အတည်ပြုနိုင်ရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးရသည့်ကော်မတီများ ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားပြီးဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် သေချာပိုင်နိုင်စွာ လေ့လာထားရှိရန် အကြံပြုပြောကြားလိုပါကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် ငါးနှစ်တာကာလအတွင်း လုပ်ငန်းများကို ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်အမြဲတမ်းအတွင်းဝန်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
သတင်းစဉ်
Newspaper - 3546 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
