ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့်နေရာများမှ ရေထုတ်နုတ်မှုမြန်ဆန်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့်နေရာများမှ ရေထုတ်နုတ်မှုမြန်ဆန်စေရေး ကွင်းဆင်းဆောင်ရွက်
Ministry of Information/ Naypyitaw / September 16, 2024
နေပြည်တော် စက်တင်ဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့မှ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွန်ယက်ခြင်းနှင့် သီးနှံအစားထိုးစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မတ်ပဲသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ဆီထွက်နေကြာသီးနှံကို လျာထားဧကအတိုင်း တွဲဖက်စိုက်ပျိုးရန် လိုအပ်ပြီး နေကြာသီးနှံ အစေ့အဆန်အောင်မြင်စေရန် ဝတ်မှုန်ကူးပျား မွေးမြူခြင်းအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မတ်ပဲနှင့် နေကြာသီးနှံ တွဲဖက်စိုက်ပျိုးရာတွင် အဓိကကြုံတွေ့ရသည့် မတ်ပဲစိုက်ခင်းကို ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် နေကြာပန်းပွင့်ချိန် ဝတ်မှုန် ကူးကာလတွင် ပိုးသတ်ဆေးအသုံးမပြုရန်ကိစ္စအပါအဝင် စိုက်ပျိုးရေးနည်းပညာရပ်များကို စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ကွင်းဆင်းဆွေးနွေးကူညီပေးသွားမည်ဖြစ်၍ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည့်အခြေအနေနှင့် နွေသီးနှံအတွက် နွေစပါးတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒေါက်တာရဲထွန်းဝင်းတို့က ရာသီချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများဖြစ်ထွန်းအောင်မြင်ရေး ပျားမွေးမြူရေးကိစ္စရပ်များအပါအဝင် ကူညီဆောင်ရွက်ပေးသွားမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
နေပြည်တော်ကောင်စီနယ်မြေ စုစုပေါင်းမိုးသီးနှံ ဧက ၃၄၅၀၀၀ စိုက်ပျိုးခဲ့ပြီး ဧက ၄၇၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကာ ယနေ့အထိ ဧက ၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက် မှု ဧက ၁၇၀၀၀ ကျော်တွင် ဧက ၃၉၀၀ ကျော် သီးနှံပျက်စီးခဲ့ကြောင်း၊ ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သည့် သီးနှံစိုက်ခင်းများကို အထွက်နှုန်းနှင့် သီးနှံအရည်အသွေးထိခိုက်မှုသက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အတူ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တမံဘေးကင်းလုံခြုံရေး ဂရုပြုဆောင်ရွက်ရန်နှင့် ဆည်တမံများနှင့်ပတ်သက်သည့် ကောလဟာလများကြောင့် ပြည်သူများစိုးရိမ် ထိတ်လန့်မှုမဖြစ်ပေါ်စေရေးအတွက် လိုအပ်သော အသိပေးထုတ်ပြန်ချက်များ၊ အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေလွှဲဆည် (အဝေရာဆည်) သို့ သွားရောက်ပြီး ရေဖြတ်သန်းစီးဆင်းမှုအခြေအနေကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ဘဲနှုတ်သီးသဏ္ဌာန် ရေပိုလွှဲမှ ရေကျော်မှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
နိုင်ငံတစ်ဝန်းရှိ ဆည်ရေလှောင်တမံများအားလုံး ကြံ့ခိုင်မှုကောင်းမွန်ပြီး ရေပိုလွှဲများမှ ရေကျော်ကျနေမှုများအပေါ် စိုးရိမ်ရန်မရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
